ပေါက်တောမြို့နယ်တွင် အုန်းရည်နှင့်အရက်ပျံ ရောသောက်သဖြင့် ၃ ဦး သေဆုံး
DVB
·
February 29, 2020
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ အုန်းရည်နဲ့ အရက်ပျံ ရောစပ်ပြီး သောက်သုံးတာကြောင့် လူ ၃ ဦး သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ပြည်ထဲရေးက ဒီနေ့ထုတ်ပြန်ပါတယ်။
ပေါက်တောမြို့နယ်၊ ကပိုင်ချောင်းကျေးရွာနေ ကျော်ရင် (၃၈) နှစ်၊ ဦးမောင်ဖြူ (၄၈) နှစ်အပါအဝင် အမျိုးသား ၅ ဦး တို့ဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၆ နာရီလောက်က ကျေးရွာမှာ အရက်ဝယ်ယူမရလို့ ကျော်ရင်ရဲ့ နေအိမ်မှာ အုန်းရည်နဲ့ အရက်ပျံ ရောစပ်ပြီး အတူသောက်ရာမှ အော့အန်နေတာကြောင့် မင်းပြားပြည်သူ့ဆေးရုံ ပို့ဆောင်ကုသခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ကျော်ရင်အပါအဝင် ၃ ဦးတို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။