အိန္ဒိယနိုင်ငံတွင် အဓိကရုဏ်းဖြစ်၊ ၃၈ ဦးထက်မနည်းသေဆုံး
DVB
·
February 29, 2020
အခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံမှာဖြစ်ခဲ့တဲ့ ဟိန္ဒိူ-မွတ်စလင်အဓိကရုဏ်းမှာ အနည်းဆုံး လူ ၃၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ လူနည်းစု မွတ်စလင်တွေကို အာဏာပိုင်တွေက ကာကွယ်ဖို့ ပျက်ကွက်နေတယ်ဆိုပြီးလည်း နိုင်ငံတကာဝေဖန်မှုတွေက မြင့်တက်နေပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ အိန္ဒိယရဲတပ်ဖွဲ့ဟာ ရာနဲ့ချီတဲ့လူတွေကို ထိန်းသိမ်းခဲ့တဲ့အပြင် နယူးဒေလီမြို့အရှေ့မြောက်ဘက်မှာ ရဲတပ်ဖွဲ့ဝင်အင်အား အများအပြားကို ချထားပါတယ်။
ရဲတပ်ဖွဲ့ဟာ သက်သေတွေ စုစည်း၊ အကြမ်းဖက် ဗွီဒီယိုတွေကို စစ်ဆေးကာ လူ ၆၀၀ ကျော် ဖမ်းဆီးခဲ့တယ်လို့ ဒေလီရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဝန်ကြီးချုပ် မိုဒီအစိုးရ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံသားဥပဒေသစ်နဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ စတင်ခဲ့တာပါ။
အိန္ဒိယနိုင်ငံသား ဥပဒေသစ်ဟာ အိမ်နီးချင်းနိုင်ငံတွေက မွတ်စလင်မဟုတ်တဲ့ ဘာသာရေးဖွဲ့တွေကို နိုင်ငံသားဖြစ်ခွင့် ပေးအပ်ပါတယ်။
မွတ်စလင်အများစုရှိရာ အိန္ဒိယ ကတ်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်း ကို အစိုးရက ရုပ်သိမ်းပြီးတဲ့နောက် နိုင်ငံသားဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့တာပါ။
ဒါကြောင့် နိုင်ငံသားဥပဒေသစ်ဟာ ခွဲခြားဆက်ဆံမှု ရှိတယ်ဆိုပြီး ဝေဖန်သူတွေက ပြောဆိုနေပါတယ်။