မကွေးတိုင်း ကျေးရွာ ၆၅ ရွာခန့် ယခုနှစ်နွေရာသီ ရေရှားပါးမှု ကြုံတွေ့နိုင်
DVB
·
February 29, 2020
အခုနှစ်နွေရာသီမှာ မကွေးတိုင်းဒေသကြီးအတွင်းက ကျေးရွာ ၆၅ ရွာခန့် ရေရှားပါးမှု ကြုံတွေ့နိုင်တယ်လို့ တိုင်းဒေသကြီး ကျေးလက်သေဒသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပြောပါတယ်။
အဆိုပါရေရှားပါးမှုကြုံတွေ့နိုင်တဲ့ ကျေးရွာတွေကတော့ တိုင်းအတွင်း ၂၅ မြို့နယ်မှ ကျေးရွာတွေလို့ သိရပါတယ်။
ရေးရှားပါးနိုင်တဲ့ကျေးရွာတွေမှာ သောက်သုံးရေပြတ်လပ်မှုမရှိစေဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်ထားတယ်လို့ မကွေးတိုင်းဒ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးအောင်က ပြောပါတယ်။
အဲ့ဒီရေရှားပါးနိုင်တဲ့ကျေးရွာတွေက မိုးရာသီနဲ့ဆောင်ရာသီတွေမှာ ကန်ရေနဲ့ စမ်းရေကို အဓိက သုံးစွဲတဲ့ကျေးရွာတွေဖြစ်ပြီး နွေရာသီမှာ စမ်းရေထွက်နှုန်းကျသလို ကန်ရေတွေ ခန်းခြောက်တဲ့အတွက် နွေရာသီမှာ ရေရှားပါးမှုကြုံတွေ့တာလို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းက ကျေးရွာတွေမှာ နွေရာသီရေရှားပါးမှုမရှိစေရေးအတွက် ပြည်ထောင်စုဘက်ချက်၊ တိုင်းဘက်ချက်တွေနဲ့ ဆောင်ရွက်တဲ့အပြင် အလှူရှင်များကိုဖိတ်ခေါ်ပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့ တိုင်းအတွင်း သန့်ရှင်းသော သောက်သုံးရေးရရှိရေး၊ တစ်ကိုယ်ရည်နဲ့ပတ်ဝန်ကျင်သန့်ရှင်းရေး လုပ်ငန်းတွေကိုလည်း စဉ်ဆက်မပျက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်းမှာ သောက်သုံးရေ မပြတ်လပ်ရေးအတွက် တိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှာ ရေသန့်ထုတ်လုပ်နိင်တဲ့ မော်တော်ယာဉ်နဲ့ ရေသယ်ယာဉ်တွေ ထားရှိထားပြီး ကျေးရွာတွေမှာ ရေအခက်အခဲဖြစ်ပါက ချင်ခြင်းဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
ရေသန့်ရရှိရေးအတွက် မကွေးမြို့နယ် ကန်သာကြီးကျေးရွာနဲ့ လိပ်ပြာကျေးရွာမှာ ရေသန့်စက်ရုံ ၂ ရုံတည်ဆောက်ထားရှိပြီး မင်းလှမြို့နယ်မှာ ရေသန်းစက်ရုံ ၁ ခု ဆောက်လုပ်ဖို့ စီမံနေပြီး တိုင်းအတွင်းမှာ အိမ်တိုင်အရောက်ရေပေးဝေတာ အိမ်ခြေ ၇၀၀ လောက်ရှိပြီလို့ သိရပါတယ်။
တင်ရွှေ(မင်းဘူး)