အသစ်ထပ်မံထုတ်လုပ်လိုက်သည့် realme C3
DVB
·
February 26, 2020
အခုအသစ်ထွက်ရှိလာတဲ့ realme C3 ဖုန်းဟာ လူငယ်တွေအတွက် Gaming စွမ်းဆောင်ရည်အတွက် Budget Level Helio G70 Processor တပ်ဆင်ပေးထားသလို ဓာတ်ပုံမှတ်တမ်းတင်လိုသူတွေအတွက် Triple Camera အသုံးပြုပေးထားပါတယ်။
ဘက်ထရီသက်တမ်း ကြာရှည်ခံမယ့် 5000 mAh အသုံးပြုပေးထားပြီး ဖုန်းမျက်နှာပြင် အရွယ်အစားကို HD+ IPS LCD အမျိုးအစား ၆ ဒသမ ၅လက်မ အရွယ်အစား အသုံးပြုထားပါတယ်။
ကင်မရာပိုင်းမှာတော့ 12MP+2MP+2MP ကင်မရာ ၃ လုံး တပ်ဆင်ပေးထားပြီး ပင်မ 12 MP ကင်မရာမှာဆိုရင်တော့ အလင်းဝင်ပေါက် F/1.8 ထားပါတယ်။
ဒီဇိုင်းပိုင်းမှာတော့ အရင် dewdrop ဒီဇိုင်းထက် မျက်နှာပြင်နေရာယူမှု 30.9% ပိုသေးငယ်တဲ့ mini drop display ကို အသုံးပြုထားပြီး မျက်နှာပြင်အရွယ်အစားဟာ HD+ ရုပ်ထွက်အရည်အသွေးရှိတဲ့ ၆.၅ လက်မရှိပါတယ်။
ကာလာအနေနဲ့ကတော့ လူငယ်တွေ အကြိုက်တွေ့စေမယ့် Blazing Red နဲ့ Frozen Blue အရောင် ၂ မျိုး ထုတ်ထားပါတယ်။
ဈေးနှုန်းအနေနဲ့ကတော့ realme C3 စမတ်ဖုန်း (RAM 2GB+ 32GB ROm) ကို ၁၆၉,၉၀၀ ကျပ်၊ realme C3 (RAM 3GB+ 32GB ROM) ကို ၁၉၉,၉၀၀ ကျပ်တို့နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။