မြဝတီတွင် ဆောက်လုပ်ဆဲ အဆောက်အဦပြုကျ၊ အလုပ်သမား ၂ ဦး သေဆုံး
DVB
·
February 20, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့က ဆောက်လုပ်ဆဲ အဆောက်အဦပြိုကျပိမိပြီး ပန်းရန်လုပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ပန်းရံလုပ်သား နေထက်လင်း (၂၅) နှစ်နဲ့ဖိုးထူးတို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကား ကွန်ကရစ်လောင်းထားတဲ့ အလျား ပေ ၅၀၊ အနံ ပေ ၇၀ နဲ့ အမြင့် ၁၅ ပေရှိ ဆောက်လုပ်ဆဲ RC ၁ ထပ် အဆောက်အဦကြမ်းပြင်ရှိ ထောက်တိုင်တွေကို ဖြုတ်ချစဉ် အဆောက်အဦ ပြိုကျပိမိခဲ့တာပါ။
နေထက်လင်းနဲ့ ဖိုးထူးတို့နှစ်ဦး မျက်နှာ၊ ရင်ဘတ်၊ နောက်ကျော ဖူးရောင်ပေါက်ပြဲဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
နေထက်လင်းအပါအဝင် ၂ ဦး သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး သင်္ဃန်းညီနောင်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၁/၂၀၂၀) နဲ့ ရေးဖွင့်စစ်ဆေးနေပါတယ်။
ဓာတ်ပုံ - ဖိုးစီ