ဗိုလ်ချုပ်ကြီး စမစ်ဒွန်းအုတ်ဂူသို့ ကာကွယ်ရေးဦးစီးချုပ် သွားရောက် ဂါရဝပြု
DVB
·
February 14, 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ရှိ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းရဲ့ မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်ကြီး စမစ်ဒွန်းရဲ့ အုတ်ဂူသို့သွားရောက် ဂါရဝပြုခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။
ဗိုလ်ချုပ်ကြီး စမစ်ဒွန်းဟာ မြန်မာ့တပ်မတော်မှာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်ကနေ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမဦးဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ယခင်အခေါ် စစ်ဦးစီးချုပ်) ဖြစ်ပါတယ်။
ဓာတ်ပုံ- CINCDS