ဖြူးချောင်း ရေလွှဲဆည်အတွင်း ရေနစ်ပျောက်ဆုံးခဲ့သူ အလောင်းပြန်တွေ့
DVB
·
February 9, 2020
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူးချောင်း ရေလွှဲဆည်အတွင်း ရေနစ်ပျောက်ဆုံးနေတဲ့ အမျိုးသားတဦးရဲ့ အလောင်းကို ဒီနေ့ မွန်းလွဲပိုင်း ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။
သေဆုံးသွားတဲ့ ကိုအောင်ကိုဝင်းဟာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဆည်အတွင်း ရေဆင်းကူးရာက ရေနစ် ပျောက်ဆုံးခဲ့တာပါ။
လက်ရှိမှာတော့ အဆိုပါအလောင်းအား ဖြူးမြို့နယ်ဆေးရုံကို ပို့ဆောင်ထားပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးနေတယ်လို့ ဖြူမြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဆည်ကို လာလည်ရင်းကနေ ရေဆင်းကူးရာက ရေနစ်သွားတာပါ။ ဒီနေ့မှ အလောင်းပြန်တွေ့တာ။ ခုလက်ရှိတော့ အလောင်းကို ဖြူးဆေးရုံ ပို့ထားပါတယ်။”
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းမှာ သေမှုသေခင်းဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ကျော်အောင်(ကညွတ်ကွင်း)