Homeမြန်မာသတင်း
ဘူးသီးတောင် ကင်းတောင်ရွာတွင် စျေးမီးလောင်၊ ဆိုင်ခန်း ၂၀ နှင့် နေအိမ် ၂ လုံး ဆုံးရှုံး
ဘူးသီးတောင် ကင်းတောင်ရွာတွင် စျေးမီးလောင်၊ ဆိုင်ခန်း ၂၀ နှင့် နေအိမ် ၂ လုံး ဆုံးရှုံး
DVB
·
February 7, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၇ ရက် မနက်အစောပိုင်း ၂ နာရီကျော်လောက်က ဈေးမီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ဆိုင်ခန်း ၂၀ နဲ့ လူနေအိမ် ၂ လုံး မီးလောင်ကျွမ်းသွားတယ်လို် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားပါတယ်။
"ဆိုင်ခန်းအငယ်လေးတွေ ၂၀ ပါသွားတယ်။ လူနေအိမ် ၂ အိမ် ပါသွားတယ်။ လူတွေကိုတော့ သူတို့ရဲ့ ဆွေမျိုးနေအိမ်တွေမှာ ယာယီနေရာချပေးပြီး ကူညီဆောင်ရွက်မူတွေပေးထားတယ်" လို့ ပြောပါတယ်။
ကင်းတောင်ကျေးရွာ စျေးဆိုင်တန်းကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ကင်းတောင်ကျေးရွာတာဝန်ခံ အဒူဆလင်က ပြောပါတယ်။
မီးလောင်မှုကြောင့် လူနဲ့တိရစ္ဆာန် သေဆုံး၊ ဒဏ်ရာရမှု မရှိဘူးလို့ သိရပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့ ဆိုင်ပိုင်ရှင် နာဆေးမာမတ်အား ပေါ့ဆမီးဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
လင်းလတ်