ပြည်ထဲရေးဝန်ကြီးကို စစ်ဘက်တာဝန်ပြန်ထမ်းဆောင်ခွင့်ပြု
DVB
·
February 5, 2020
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို နို်ငငံတော်သမ္မတက မူလ စစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်ခွင့်ပြုလိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလစစ်ဘက်တာဝန်ဝတ္တရားတွေ ပြန်လည်ထမ်းဆောင်စေမှာဖြစ်လို့ ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ ဇန်နဝါရီ ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတရုံးအမိန့်စာမှာ ဖော်ပြထားပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို ပြည်ထဲရေးဝန်ကြီး တာဝန်ကနေဖယ်ရှားလိုတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက သတင်းတွေထွက် ပေါ်နေတာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနအတွက် ပြည်ထောင်စုဝန်ကြီးခန့်အပ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံက သင့်တော်တဲ့ တပ်မတော်သားရဲ့ အမည်စာရင်းရယူကာ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့်အပ်ရမှာ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ထားခြင်းခံရတဲ့ တပ်မတော်သားဟာလည်း တပ်မတော်ကနေ အငြိမ်းစားယူဖို့ ဒါမှမဟုတ် နုတ်ထွက်ဖို့ မလိုအပ်ဖူးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။