Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း ရေနံလက်ယက်တွင်းလုပ်ပိုင်ခွင့်ကို လူ ၁ ဦး ၅ ဧကစီ ချပေးမည်
DVB
·
February 4, 2020
မကွေးတိုင်းအတွင်းရှိ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်း လုပ်ပိုင်ခွင့်ကို လူတဦး ၅ ဧကသာ ချထားပေးမယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဌာနက သိရပါတယ်။ တိုင်း သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က “အရင်အစိုးရလက်ထက်က ပိုင်ရာဆိုင်ရာတွေနဲ့ လုပ်ကွက်တွေ ချပေးတာ။ ကျနော်တို့ လက်ထက်မှာ အရင်လုပ်တဲ့လူတွေပစ်ပယ်တာ မဟုတ်ပေမယ့် ထိုက်သင့်တဲ့လူတွေရ ရမယ်။ စည်းနဲ့ ကမ်းနဲ့ ဖြစ်ရမယ်။ ဒေသတွင်းက ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း ရစေဖို့ စီးပွားရေး ပြေလည်စေဖို့ လူတဦး ၅ ဧကနှုန်းသတ်မှတ် ကြေညာထားတယ်။ လုပ်ကွက်ငယ်လေးတွေကို အစုအဖွဲ့နဲ့ လုပ်စေချင်တယ်”လို့ ပြောပါတယ်။ လုပ်ငန်းရှင်တွေကို လုပ်ကွက်သက်တန်းတိုးတော့မယ်ဆိုရင်လည်း ရေနံလက်ယက်တွင်းတိမ် လုပ်ငန်း စည်းကမ်းဥပဒေနဲ့အညီ မူလလုပ်ကွက်အတိုင်း သက်တမ်းတိုးပေးပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အမြတ်ခွန်၊ ကုန်သွယ်ခွန် တို့ကို ကျေပွန်အောင် ထမ်းဆောင်ပြီးသူကိုသာ သက်တမ်းတိုးပေးပြီး မျောကိုလည်း စည်းကမ်းနဲ့ အညီ ထုတ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးမှာ အရင် ဘဏ္ဍာရေးနှစ်က ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင် ၃၃ ဦးကို ရေနံတွင်းတိမ်လုပ်ကွက် ၃၃ ကွက် လုပ်ကိုင်ခွင့်ချထားပေးခဲ့ပြီး အခုနှစ်အတွင်းမှာ လုပ်ငန်းရှင် ၁၁ ဦးသာ လုပ်ကိုင်ခွင့် သက်တမ်းတိုးပေးထားပါတယ်။  ကျန်လုပ်ငန်းရှင်တွေကို သက်တမ်းတိုး နိုင်ဖို့အတွက် စီစစ်ဆောင်ရွက်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ သံယံဇာတ၊ သဘာဝပတ်ဝန်းကျင် ဝန်ကြီး ထံက သိရပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024