စောဘွဲ့မှူးမျိုးဆက် အဆိုတော် မီးမီးခဲ တကိုယ်တော်တေးဂီတ ဖျော်ဖြေပွဲ ပြုလုပ်မည်
DVB
·
January 7, 2020
တခါက မြန်မာ့ဂီတလောကမှာ ထင်ရှားတဲ့ ဂီတပညာရှင်တဦးဖြစ်တဲ့ စောဘွဲ့မှူးရဲ့ သမီးဖြစ်တဲ့ အဆိုတော် မီးမီးခဲရဲ့ တကိုယ်တော် တေးဂီတဖျော်ဖြေပွဲကို လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့ ကျင်းပသွားဖို့ ရှိနေပါတယ်။
‘မီးမီးခဲ - BACK TO YOU’ လို့ အမည်ပေးထားတဲ့ ဒီရှိုးပွဲကိုတော့ ရန်ကုန်မြို့တော် ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
‘အချစ်ကိုသိချိန်’၊ ‘ငါ့အကြောင်းနဲ့ ငါ့ကံ’ စတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ အဆိုတော် မီးမီးခဲဟာ တေးရေးဂီတပညာရှင် စောဘွဲ့မှူးရဲ့ သမီးငယ်ဖြစ်ပြီး အဆိုတော် ကဗျာဘွဲ့မှူးရဲ့ ညီမငယ် ဖြစ်ပါတယ်။
လတ်တလောမှာတော့ သူဟာ ဂီတလောကနဲ့ အဆက်အသွယ်အတန်ကြာ ပြတ် နေခဲ့တာဖြစ်ပြီး ခုကျင်းပပြုလုပ်မယ့် တေးဂီတဖျော်ဖြေပွဲကတော့ သူ့ရဲ့ ပထမဆုံးတကိုယ်တော် ဖျော်ဖြေပွဲ ဖြစ်လာခဲ့တာပါ။
သိပ်မကြာခင်ကတော့ မီးမီးခဲကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုထားခဲ့တဲ့ ‘ငါ့ရဲ့မျက် ဝန်းညို’၊ ‘အဝေးကချစ်သူ’စတဲ့ သီချင်းသစ်တွေလည်း ထွက်ရှိထားခဲ့ပြီး ပရိသတ်တွေ အားပေးလက်ခံမှုတွေ ရရှိထားခဲ့ပါတယ်။
ခုကျင်းပပြုလုပ်မယ့် ရှိုးပွဲလက်မှတ်ဈေးနှုန်းတွေကတော့ ကျပ် ၂ သောင်း၊ ၃ သောင်းနဲ့ ၅သောင်းကျပ် အသီးသီး သတ်မှတ်ထားပြီး Silver Gold တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့ ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။