လွိုင်လင်မြို့နယ်တွင် ယာဉ်တစီး တောင်အောက်ပြုတ်ကျ၊ ၃ ဦး သေဆုံး
DVB
·
January 6, 2020
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်မှာ ဇန်နဝါရီ ၅ ရက်နေ့က နစ်ဆန်းယာဉ်တစီး ဘရိတ်ပေါက်ကာ တောင်အောက်ပြုတ်ကျခဲ့လို့ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်-မိုင်းပွန်ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် (၁၆၅/၃) နှင့် (၁၆၅/၄) အကြားမှာ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က နစ်ဆန်း ၁၂ ဘီးယာဉ်တစီး ဘရိတ်ပေါက်ပြီး တောင်အောက် ပြုတ်ကျတိမ်းမှောက်ခဲ့ကြောင်း သတင်းရလို့ လွိုင်လင်ခရိုင်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သူနာတင်ယာဉ် ၁ စီး၊ သန္ဓေ ၂၀ ဦးတို့နဲ့ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ကျား ၇ ဦးအနက် ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တာကြောင့် မေတ္တာခြုံလွှာလူမှုကူညီရေးအသင်ေနဲ့ အဖြူရောင်လူငယ်ပရဟိတအသင်းတို့မှ လွိုင်လင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို သိရပါတယ်။