အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တစီး ရေနုတ်မြောင်းကာ နံရံကို တိုက်မိ၊ ၇ ဦး ဒဏ်ရာရ
DVB
·
January 5, 2020
မန္တလေး-နေပြည်တော် အမြန်လမ်း မိုင်တိုင်(၂၈၆/၃-၂၈၆/၄) ကြားမှာ ခရီးသည်တင်ယာဉ်တစီး ဒီနေ့မနက် ၅ နာရီခွဲလောက်က ယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ယာဉ်မောင်း ကိုကျော်ဇင်လတ် မောင်းနှင်ပြီး ခရီးသည် စုစုပေါင်း ၃၂ ဦး လိုက်ပါလာတဲ့ 1Q/----မင်းသားကြီး´ express ခရီးသည်တင်မော်တော်ယာဉ်ဟာ အမြန်လမ်း မိုင်တိုင်(၂၈၆/၃-၂၈၆/၄) ကြားမှာ ရှေ့ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ရေနုတ်မြောင်းကာ အထိန်းနံရံအား ဝင်ရောက်တိုက်မိခဲ့တာလို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်ကြောင့် ကလေး ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရခဲ့ပြီး အမြန်လမ်းမကြီးရဲတပ်ဖွဲ့ သီးကုန်းစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ အထောက်အကူပြု အဖွဲ့တွေက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။