ဖြူးမြို့နယ်၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ထက်ဝက်မြင့်တက်
DVB
·
January 4, 2020
ပဲခူးတိုင်း ဖြူးမြို့နယ်မှာ ၂၀၁၉ ခု နှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုပေါင်း ၂၀ ရှိခဲ့ပြီး ယခင်နှစ်ထက် ဖမ်းဆီးရမိမှု ထက်ဝက်ကျော်မြင့်တက်ခဲ့တယ်လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
ဖြူးမြို့မရဲတပ်ဖွဲ့စခန်းအပိုင်မှာ ၁၅ မှု၊ ဇေယျဝတီနယ်မြေရဲတပ်ဖွဲ့စခန်းအပိုင်မှာ ၄ မှုနဲ့ ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲ့စခန်းအပိုင်မှာ ၁ မှုတို့ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးမှု နဲ့ ဖမ်းဆီးရမိသူ အများစုဟာ လူငယ်နှင့်လူလတ်ပိုင်းတွေ ပါဝင်နေတာကြောင့် ဖြူးမြို့နယ်အတွင်း မူးယစ်ဆေး အသိပညာပေးဟောပြောတာတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်လွင်ငြိမ်းက ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေထဲမှာ စိတ်ကြွဆေးပြားက အများဆုံးဖြစ်ပြီး ဖမ်းဆီးမိသူတွေအား တရားစွဲဆိုမှု ၇၅ ရာခိုင်နှုန်းကျော် ပြုလုပ်ပြီးပြီလို့ ဆိုပါတယ်။
ဖြူးမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်က မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၂ ကြိမ်နဲ့ ၂၀၁၈ ခုနှစ်မှာ ၉ ကြိမ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ကျော်အောင်(ကညွတ်ကွင်း)