ဥက္ကံကြက်ဝိုင်း ရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး၊ ဆိုင်ကယ်အစီး ၆၀ ဖမ်းမိ
DVB
·
December 29, 2019
တိုက်ကြီးမြို့နယ် ဥက္ကံမြို့မှာ ကြက်ဝိုင်းကို ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးရာမှာ လူတွေ ထွက်ပြေးခဲ့တာကြောင့် ဆိုင်ကယ်အစီး ၆၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက် ညနေ ၃ နာရီကျော်လောက်မှာ ဂေါ့ကျေးရွာအုပ်စုက ဂေါ့ကျေးရွာနားက လယ်ထဲမှာ တရားမဝင်ကြက်ဝိုင်းကို ဝင်ရောက်ဖမ်းဆီးရာမှာ အခုလို ဆိုင်ကယ်တွေသာ ဖမ်းဆီး ရမိတာပါ။
ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ နယ်ထိန်းခေါင်းဆောင် ဒု ရဲအုပ် မင်းမင်းဇော်က "ကြက်တိုက်လောင်းကစားဝိုင်း လုပ်နေတယ်ဆိုတဲ့သတင်းရလို့ တပ်ဖွဲ့ဝင်တွေသွားဖမ်းတော့ လောင်းကစားလုပ်တဲ့သူတွေက ဆိုင်ကယ်တွေထားပြီး ထွက်ပြေးသွားတယ်။ ဒါကြောင့် သက်သေခံဖြစ်တဲ့ ဆိုင်ကယ်တွေကို သိမ်းခဲ့တယ်။ လောင်းကစားလုပ်တဲ့သူတွေကို မမိတဲ့အတွက် သက်သေခံအဖြစ်သိမ်းထားတဲ့ ဆိုင်ကယ်တွေကို လိုင်စင်ရှိ၊မရှိကို(ကညန) ရုံးက လာစစ်ဆေးပြီး တိုက်ကြီးမြို့နယ်အထွေထွေ အုပ်ချူပ်ရေး မှူးရုံးကိုစီမံခန့်ခွဲခွင့်လုပ်ပေးနိုင်ဖို့ တင်ပြထားတယ်"လို့ ပြောပါတယ်။
မေသွယ်