Home
မြန်မာသတင်း
ခရီးသည် ၃၀၀၀ ကျော်ပါ အပျော်စီးသင်္ဘော ကော့သောင်းရှိ ညောင်ဦးဖီးကျွန်းသို့ လည်ပတ်
DVB
·
December 27, 2019
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နား ကပ္ပလီပင်လယ်ထဲမှာရှိတဲ့ ညောင်ဦးဖီးကျွန်းကို ခရီးသည် ၃၀၀၀ ကျော်ပါ Ms  GENTING DREM သင်္ဘော ဒီဇင်ဘာ ၂၅ ရက် လာရောက်လည်ပတ်ခဲ့တယ်။ အထပ် ၁၈ ထပ်ပါ အဲဒီသင်္ဘောဟာ ဒီကျွန်းကို ၁ ရက်တာ ခရီးအဖြစ် ဝင်ရောက်လည်ပတ်ခဲ့တာဖြစ်ပြီး သင်္ဘောအမှုထမ်း  ၁၈၅၀ ဦးနဲ့ နိုင်ငံတကာခရီးသွား ၃၃၂၃ ဦး လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ အဲဒီခရီးသွားတွေဟာ သဘာဝကျွန်းနဲ့ ပင်လယ်ကမ်းခြေတွေကိုသွားရောက်လည်ပတ်ကာ ရေကူးတာ၊ ရေငုပ်တာ၊ ကမ်းခြေမှာ လမ်းလျှောက်တာ၊ လှေလှော်တာတွေ ပြုလုပ်အပန်းဖြေကြပြီး ကျွန်းပေါ်မှာရောင်းချတဲ့ဒေသအစားအစာတွေကိုဝယ်ယူစားသောက်ကြတဲ့အပြင် အမှတ်တရ ပစ္စည်းတွေကိုလည်း ကြည့်ရှုဝယ်ယူခဲ့ကြပါတယ်။ ဘဟားမတ်စ်နိုင်ငံမှာ မှတ်ပုံတင်ထား​အဲဒီ အပျော်စီးသင်္ဘောဟာ အလျား ၃၃၅ဒသမ၃၅မီတာ၊တန်ချိန် ၁၅၀၆၉၅ တန်ရှိပြီး နိုင်ငံစုံမှသင်္ဘောအမှုထမ်း ၁၈၅၀ဦးနဲ့အတူ ဆွီဒင်နိုင်ငံသား ကပ္ပတိန် Carl Magnus Folke က ဦးဆောင်မောင်းနှင်လာတာပါ။ ယခုနှစ်ခရီးသွားရာသီမှာပထမအကြိမ်လာရောက်ကာ  ဒီဇင်ဘာ ၂၅ရက်ညနေပိုင်းမှာ စင်ကာပူ နိုင်ငံသို့ပြလည်ထွက်ခွာသွားပါတယ်။ ဒီသင်္ဘောဟာ TZK ခရီးသွား ကုမ္ပဏီနဲ့  ဟောင်ကောင်နိုင်ငံအခြေစိုက် Star Cruise ကုမ္ပဏီတို့ရဲ့ အစီအစဉ်နဲ့ လာရောက်တာ ဖြစ်ပါတယ်။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024