ဗီယက်နမ် စစ်လက်နက်ပစ္စည်းများ ဗိုလ်ချုပ်မှူးကြီးလေ့လာ
DVB
·
December 22, 2019
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီဇင်ဘာ ၂၁ ရက်က ဗီယက်နမ်နိုင်ငံရဲ့ နှစ် (၃၀)မြောက်အမျိုးသားကာကွယ်ရေးနေ့နဲ့ (၇၅)နှစ်မြောက် ဗီယက်နမ် ပြည်သူ့ တပ်မတော်တည်ထောင်တဲ့နေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
ဒီနောက် ဗီယက်နမ်ပြည်သူ့တပ်မတော်မှာ အသုံးပြုနေတဲ့ ကာကွယ်ရေး ဆိုင်ရာ စစ်လက်နက်ပစ္စည်းတွေနဲ့ ဗီယက်နမ် တပ်မတော်က ထုတ်လုပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို ကြည့်ရှု လေ့လာခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ ဗီယက်နမ်တပ်မတော်စစ်ဦးစီးအရာရှိချုပ်ရဲ့ ဖိတ်ကြား ချက်အရ ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေးသွားရောက်တာ ဖြစ်ပြီး မနေ့ညနေက နေပြည်တော်ကို ပြန်လည်ရောက်ရှိလာပါတယ်။
ခရီးစဉ်အတွင်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံတပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနဲ့ တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။