မလေးရှား သွားမည့် ဘင်္ဂါလီ ၈ ဦးကို မော်လမြိုင်တွင် ဖမ်းမိ
DVB
·
December 15, 2019
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် နောင်ခရီရပ်ကွက်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်လောက်က ရပ်ကွက်နေ ကိုတင်ထွန်းမင်းရဲ့ နေအိမ်မှာ ဘင်္ဂါလီ ၈ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မုပွန်နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်နိုင်ဦးက DVB ကို ပြောပါတယ်။
အသက် ၂၀ ဝန်းကျင်အရွယ်တွေရှိတဲ့ ဘင်္ဂါလီ ၈ ဦးကို နောင်ခရီရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ သတင်းပေးပို့ချက်ကြောင့် သွားရောက် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးမေးမြန်းချက်အရ မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ ကျောက်တော်မြို့နယ် ဇီးရွာနေ ကိုရွှေမောင်က တဦးကို ငွေကျပ် ၅၅ သိန်းနဲ့ ပို့ဆောင် ပေးမယ်လို့ ပြောဆိုတဲ့အတွက်ကြောင့် ရောက်ရှိလာခဲ့တာလို့ ပြောပါတယ်။
လက်ရှိမှာတော့ ဘင်္ဂါလီ ၈ ဦးကို မုပွန်နယ်ရဲစခန်းမှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ် - ၆(၂)/၆(၃) တို့နဲ့ အမှုဖွင့်ထားတဲ့အပြင် ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ ကိုကျော်ကျော်နဲ့ ကိုတင်ထွန်းမင်းတို့ကိုတော့ ပြည်ပအလုပ်အကိုင် အက်ဥပဒေ ပုဒ်မ ၂၆ တို့နဲ့ အမှုဖွင့်ထားပါတယ်။