ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နဲ့ ဖျာပုံမြို့တွေမှာ မြန်မာနိုင်ငံ အကျိုးစီးပွား ကာကွယ်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)သို့ သွားရောက်ရင်ဆိုင်ဖြေရှင်းနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
မြောင်းမြမြို့ ထောက်ခံပွဲကို မြို့ခံပြည်သူ ၁၅၀၀ ကျော်တင်ရောက်ခဲ့ပြီး စာရေးဆရာ ထင်လင်းဦးက ဟောပြောခဲ့ပါတယ်။ ဖျာပုံမြို့မှာတော့ လူမှုရေးအသင်းအဖွဲတွေ၊ အနှေးယာဉ်တွေ၊ စက်ဘီးစီးအားကစားအဖွဲ့က အင်အား ၂၀၀၀ ကျော်နဲ့ ဝန်းရံသူ အပါအဝင်အင်အား ၄၀၀၀ နီးပါး ထောက်ခံပွဲ တက်ရောက်ခဲ့ကြပါတယ်။
ဖျာပုံထောက်ခံပွဲကို ခရိုင်အတွင်းရှိ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေးစတဲ့ မြို့နယ်တွေက ပါဝင်ထောက်ခဲ့ကြပါတယ်။
သတင်း - ကျော်စိုးမိုး၊ ဘိုဘို