Home
အနုပညာ
ရက်ပိုင်းအတွင်း ကြည့်ရှုသူ ၂၄ သန်းကျော်ရှိနေသည့် Black Widow စူပါ ဟီးရိုးရုပ်ရှင်(နမူနာ)
DVB
·
December 5, 2019
လာမယ့်နှစ်ထဲ ရုံတင်ပြသသွားမယ့် နာမည်ကြီးစူပါဟီးရိုးရုပ်ရှင် Black Widow ရုပ်ရှင်ရဲ့ တရားဝင် Teaser ဟာ ထွက်ရှိပြီး ရက်ပိုင်းအတွင်းမှာပဲ ပရိသတ်စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့ပါတယ်။  ဒီရုပ်ရှင်ကားကိုတော့ ဩစတြေးလျအမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Cate Shortland က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Marvel Studios နဲ့ Walt Disney Studios တို့ေနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ Black Widow လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက Marvel Comics ဟီးရိုးရုပ် ရှင်စီးရီးတွေထဲက အမျိုးသမီးဇာတ်ကောင်ကို ပြေးမြင်မိကြမှာပါ။ ဒီဇာတ်ကောင်ဟာ ၂၀၁၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ Iron Man 2 ဇာတ်ကားထဲမှာ စတင်ပါဝင်ခဲ့တာဖြစ်ပြီး အဲ ဒီအချိန်ကတည်းက ပရိသတ်တွေက ဒီဇာတ်ကောင်နဲ့ သီးခြားရုပ်ရှင်ကားတကား ထွက်ရှ‌ေလာဖို့ မျှော်လင့်နေခဲ့ကြတာပါ။ ပြီးခဲ့တဲ့ Endgame ရုပ်ရှင်ထဲမှာတော့ Black Widow ဇာတ်ကောင်ဟာ အဆုံး သတ်သွားခဲ့တာမို့ ခုအသစ်ရိုက်ကူးမယ့် ရုပ်ရှင်ထဲမှာ ဘယ်အချိန်ကာလကို ရိုက်ကူးထာမလဲ၊ ဘယ်လို အကြမ်းစား အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ စောင့်မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားရဲ့ အဓိကဇာတ်ကောင် Black Widow တဖြစ်လဲ Natasha Romanoff  နေ ရာမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Scarlett Johansson က ခေါင်းဆောင်ပါ ဝင်ထားပြီး တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ David Harbour ၊ Florence Pugh ၊ O-T Fagbenle နဲ့ Rachel Weisz တို့ကလည်း ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကားရဲ့ ရိုက်ကူးမှုတွေကိုတော့ ပြီးခဲ့တဲ့ မေလကတည်းက စတင်ခဲ့ပြီး အချိန်တနှစ်အကြာ လာမယ့် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁ ရက်နေ့ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကားရဲ့ Teaser ဟာ ထွက်ရှိပြီး ရက်ပိုင်းအတွင်းမှာပဲ ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂၄ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024