ဆိပ်ဖြူ မြို့နယ်တွင် နေအိမ် ၁၅ လုံးနှင့် ဂိုဒေါင် ၅ လုံး မီးလောင်
DVB
·
December 5, 2019
ဆိပ်ဖြူမြို့နယ် ပေတောကျေးရွာအုပ်စု၊ ပေတောရွာမှာ ဒီဇင်ဘာ ၄ ရက်မနက် ၁၁ နာရီခွဲလောက်က နေအိမ်သုံး ထင်းမီးဖိုမှတဆင့် မီးကူးဆက်လောင်ကျွမ်းတာကြောင့် နေအိမ် ၁၅ လုံးနဲ့ ဂိုဒေါင် ၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိပ်ဖြူ မြို့နယ်မီးသတ်ဦးစီးထံက သိရပါတယ်။
ပေတောရွာနေ ဦးမှေးနေအိမ်က ရေနွေးအိုးတည်တဲ့ ထင်းမီးဖိုကတဆင့် နေအိမ်ကူးဆက် လောင်ကျွမ်းရာကနေ တခြားနေအိမ် ၁၅လုံးနဲ့ ဂိုဒေါင် ၅ လုံးကူးဆက်ခဲ့တာကြောင့် လူ ၈၁ ယောက် မီးဘေးသင့်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကသိရပါတယ်။
အခုမီးလောင်မှုဟာ နေခင်း ၁၂ နာရီကျော်မှာ ငြိမ်းသွာခဲ့ပါတယ်။
ကိုလင်း(ချောက်)