ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်ပွဲစတင်
DVB
·
December 2, 2019
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲတော်ကို ဒီကနေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်ကိုယ်တိုင် တက်ရောက်ပြီး စတင်ဖွင့်လိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အကြို စတင်ကြောင်း အခမ်းအနားကို တက္ကသိုလ် ပရဝုဏ်အတွင်း ဒီကနေ့ ဒီဇင်ဘာ ၂ ရက်မနက်က ကျင်းပရမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပညာရေးဝန်ကြီးဦးမျိုးသိန်းကြီးတို့ တက်ရောက်ခဲ့ကြပါတယ်။
ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်အခမ်းအနားတွေကို ၂၀၁၉ ဒီဇင်ဘာလကနေ ၂၀၂၀ ဒီဇင်ဘာလ အထိ တနှစ်ပတ်လုံး ကျင်းပမှာ ဖြစ်ပါတယ်။
Photo - Ye Myo Khant / MPA