ရခိုင်ပြည်နယ်တွင် စစ်ပွဲများရပ်စဲရန် ကြိုးပမ်းနေဟု ဝန်ကြီးချုပ်ပြော
ဝဏ္ဏခွာညို
·
November 29, 2019
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ စစ်ပွဲတွေရပ်ဖို့နဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစား ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။
နိုဝင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ် အစည်းအဝေး အပြီးမှာ သတင်းထောက်တွေက ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေကို နေရာချထား အစီအစဉ်တွေကိုမေးမြန်းရာမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲက ပြောဆိုလိုက်တာပါ။
လတ်တလော ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေတာ တနှစ်နီးပါးရှိလာပြီ ဖြစ်ပေမယ့် ရပ်မသွားတဲ့အပြင် ပိုမိုပြင်းထန်လာနေတဲ့အနေအထား ရှိနေပါတယ်။ ဒီလိုတိုက်ပွဲတွေကြောင့်ပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ စစ်ဘေးရှောင်ဦးရေ ၉၀, ၀၀၀ ကျော်ရှိလာနေပြီး စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။
ဒီလိုတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ အရပ်သားပြည်သူတွေ ၁၀၀ နီးပါး သေဆုံးခဲ့ပြီး ၂၀၀ ကျော်ထိခိုက် ဒဏ်ရာရရှိထားပါတယ်။