Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ် မှောက်၊ လူအသေအပျောက်မရှိ 
Aung Ko Latt
·
November 21, 2019
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ရေဘုတလင်ရွာအနီး နိုဝင်ဘာ ၂၀ရက်ညနေပိုင်းက မုံရွာကနေ ဟုမ္မလင်းကို ဆန်တက်လာတဲ့ ကုန်တင်အမြန်ရေယာဉ်တစီးဟာ ပန်ကာရှပ်တန်းကျိုးပြီး  နစ်မြုပ်ခဲ့ပေမယ့် လူအသေအပျောက်မရှိဘူးလို့ သိရပါတယ်။ ကနီမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက "မော်တော်ပေါ်မှာတော့ ဆီပေပါအလုံး ၁၅၀ ပါတယ်ပြောတယ်။ လူအသေအပျောက်တော့ မရှိဘူး။ ပိုင်ရှင်က ကနီမြို့နယ် မဲဒင်ကျေးရွာကပါ။လောလောဆယ်တော့ ပြန်ဆယ်နိုင်ဖို့ ရှာဖွေကယ်ဆယ် ရေးအဖွဲ့တွေက လုပ်နေကြပါတယ်"လို့ ပြောပါတယ်။ ချင်းတွင်းမြစ်ထဲ ရေယာဉ်မတော်တဆမှုတွေ နှစ်စဉ်လိုလို ဖြစ်လေ့ရှိပြီး အခုနှစ်မှာတော့ ဒါဟာ ပထမဆုံးဖြစ်ပါတယ်။ အခုဖြစ်တဲ့မတော်တဆမှုကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေအပြင် အနီးအနားကျေးရွာက ပရဟိတ အသင်းအဖွဲ့တွေက ကူညီဆောင်ရွက်နေကြပါတယ်။ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူ ဒေသခံ ကိုဝင်းဇော်ခိုင်က "အခုကတော့ မိုးချုပ်သွားပြီဆိုတော့ မော်တော်ဆယ်ဖို့က အခက်အခဲရှိတယ်။ သိရသလောက်က တော့ မော်တော်က ဝိတ်နည်းနည်းများတဲ့သဘောပဲ။ ဘိလပ်မြေအိတ်၊ သံပင်၊ ဆီပေပါ တွေပါတယ်လို့ ကြားတယ်။လူကတော့ အားလုံးမှ ၅ ယောက်လောက်ပဲပါတယ်"လို့ ပြောပါတယ် အခုနစ်မြုပ်တဲ့ရေယာဉ်ကတော့  ကောင်းထက်ကျော်အမည်ပါ ဖလက်အမျိုးအစား ကုန်တင်အမြန်ရေယာဉ်ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024