အကယ်ဒမီဆွေဇင်ထိုက်၊ ဒါရိုက်တာ ဏကြီးတို့ ပါဝင်သည့် ရုပ်ရှင်စကားဝိုင်းကျင်းပမည်
DVB
·
November 21, 2019
ဝါရင့်သရုပ်ဆောင် အကယ်ဒမီထူးချွန်ဆုရ မင်းသမီး ဆွေဇင်ထိုက်နဲ့ ဒါရိုက်တာ ဏကြီးတို့ ပါဝင်ဆွေးနွေးကြမယ့် ရုပ်ရှင်စကားဝိုင်းကို လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့ မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
“ရုပ်ရှင်ကြည့်သူ၏ ပါဝင်ဖန်တီးခွင့်(ရုပ်ရှင်ထဲမက်ဆေ့ချ်ပေးခြင်းသဘောတရား)” အမည်နဲ့ ကျင်းပမယ့် ဒီစကားဝိုင်းကိုတော့ နေ့လည် ၁ နာရီကနေ ၃ နာရီအထိ ရန်ကုန် မြို့၊ အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှာ ပြုလုပ်သွား မှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းဟာ 3-ACT အမည်နဲ့ ထုတ်ဝေနေတဲ့ ရုပ်ရှင်အနုပညာဆိုင်ရာ မဂ္ဂဇင်း စာအုပ်မိတ်ဆက်ပွဲအနေနဲ့ ကျင်းပတာဖြစ်ပြီး ဆွေဇင်ထိုက်၊ ဏကြီးတို့နဲ့အတူ လင်းဆန်း ဦး(Documentary Producer-Tagu Films)၊ ဇင်ကိုကို(Film Critic(M-MDB))တို့က လည်း ပါဝင်ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။