၆၄ နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်သို့ သမ္မတ တက်ရောက်
DVB
·
November 7, 2019
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒီကနေ့မနက် ကျင်းပတဲ့ ၆၄ နှစ်မြောက်အခမ်းအနားကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ဇနီးတို့ တက်ရောက်ပါတယ်။
ကရင်ပြည်နယ်နေ့ပွဲတော်ကို ကရင်ရိုးရာဒုံးအကပြိုင်ပွဲ၊ စင်တင်တေးဂီတဖျော်ဖြေပွဲ၊ ဇာတ်သဘင်ပွဲ၊ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၊ အားကစားပြိုင်ပွဲနဲ့ တခြားပျော်ပွဲရွှင်ပွဲတွေနဲ့အတူ ကျင်းပနေတာပါ။
ဒါ့အပြင် ပွဲတော်မှာ ကရင်ရိုးရာအစားအစာနဲ့မုန့်ဈေးရောင်းပွဲတွေနဲ့ ကုန်စည်ပြပွဲတွေလည်း ခင်းကျင်းပြသ ရောင်းချနေပါတယ်။
Photo - MPA