မန္တလေးမြို့တွင် ဘုရားနီဘုရားဂေါပကအဖွဲ့သစ်ကို ဒေသခံများဆန္ဒပြ (ဓာတ်ပုံ)
DVB
·
November 4, 2019
မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်ရှိ ဘုရားနီဘုရားဂေါပက အဖွဲ့သစ်ကို အလိုမရှိကြောင်း ရပ်ကွက်နေပြည်သူ ၁၀၀ လောက်က ဒီမနက်က ဆန္ဒထုတ်ဖော်ကြပါတယ်။
ဆန္ဒပြသူတွေက ဘက်လိုက်ဆောင်ရွက်နေတဲ့ မ.ဟ.က အလိုမရှိ၊ မြို့နယ်သာသနာရေးမှူး ပါ ၆ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ဂေါပက အဖွဲ့သစ် ဖျက်သိမ်းပစ်၊ ခရိုင်သာသနာရေးမှူးကို အရေးယူပေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
Photo-Kaung Zaw Hein/ MPA