ကလေးမြို့အနီး မြေငလျင်လှုပ်
DVB
·
October 30, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အနားမှာ အင်အားရစ်(ခ်)တာစကေး ၃.၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၉ ရက် ည ၉ နာရီခွဲလောက်က ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၃၄ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ကလေးမြို့ရဲ့ တောင်ဘက် ၂၄မိုင်ခန့်အကွာ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- မိုးဇလ