Homeရုပ်သံ
သက်မွန်မြင့်ခေါင်းဆောင်ပါဝင်သည့် သခင်ကြီးနှင့် ငါးပိတို့စရာ အောက်တိုဘာ ၃၁ ရုံတင်မည် (ရုပ်သံ)
သက်မွန်မြင့်ခေါင်းဆောင်ပါဝင်သည့် သခင်ကြီးနှင့် ငါးပိတို့စရာ အောက်တိုဘာ ၃၁ ရုံတင်မည် (ရုပ်သံ)
DVB
·
October 29, 2019
ဝါရင့်သရုပ်ဆောင်မင်းသမီး သက်မွန်မြင့် ခေါင်းဆောင်ပါဝင်ထားတဲ့ သခင်ကြီးနှင့် ငါးပိတို့စရာ ရုပ်ရှင်ကို လာမယ့် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
Real Bros. Film Production က ပွဲဦးထွက် တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကား ကတော့ ဈာန်သခင်သွေးရဲ့ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ စတီးလ်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
အမျိုးသမီးဇာတ်ရုပ်အသားပေး ရုပ်ရှင်ကားတကားအနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကား ထဲမှာ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး သက်မွန်မြင့်နဲ့အတူ တခြား သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ထွန်းကိုကို၊ ရွှေသမီး၊ နေရဲ၊ မင်းခ၊ သိန်းလင်းစတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က ပြည်သူ့ရင်ပြင်မှာ LED Screening နဲ့ ပြသခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။