Home
မြန်မာသတင်း
ကားနှင့်ဆိုင်ကယ်တိုက်မိပြီး ကျောင်းအုပ်ဆရာမ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
DVB
·
October 27, 2019
ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၄၇/၀ နှင့် ၁အကြား မိတ္ထီလာမြို့ စက်မှူဇုန် ၃ လမ်းနဲ့ ၄ လမ်းအနီးမှာ အောက်တိုဘာလ ၂၆ ရက် ညနေက ယာဉ်တိုက်မှုဖြစ်ပွားလို့ ကျောင်းအုပ်ဆရာမ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မိတ္ထီလာအမှတ် ၃ ရဲစခန်းက ပြောပါတယ်။ မန္တလေးဘက်မှ မိတ္ထီလာဘက်ကို ဟန်ဇော်ထွန်း မောင်းလာတဲ့ Hijet အ မျိုးအစား ကားငယ်က အခြားကား ၁ စီးအား ကျော်တက်ရာ တဖက်ယာဉ်ကြောထဲ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မောင်းလာတဲ့ ဆိုင်ကယ်ကို တိုက်မိခဲ့တာလို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းလာတဲ့ ခြုံစွန်းရွာ အမှတ် ၁၄၀ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်ခင်အုံးမြင့် သေဆုံးသွားပြီး နောက်မှာ ထိုင်လိုက်လာတဲ့ အစ်မဖြစ်သူ ဒဏ်ရာရခဲ့တာပါ။ ယာဉ်တိုက်မှုဖြစ်ပြီးနောက် Hijet ကားက မောင်ပြေးသွားပြီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၃၉/၇ နှင့် အကြားမှာ ဆိုင်ကယ်တစီးအား ထပ်တိုက်ခဲ့လို့ ၂ ဦး ဒဏ်ရရှိခဲ့ပါတယ်။ မိတ္ထီလာအမှတ် ၃ ရဲစခန်းစခန်းမှူး ရဲအုပ်ဝင်းမြင့်ဦးက "ကားကျော်တက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ တဖက်ယာဉ်ကြောထဲက ဆိုင်ကယ်ကို တိုက်မိတာပါ။ ကျောင်းအုပ်ဆရာမကြီးကို ပရဟိတကားနဲ့ ဆေးရုံပို့နေတုန်း လမ်းမှာသေဆုံးသွားတယ်၊ Hijet ကားကတော့ မောင်းပြေးသွားတာ ကျီတော်ကုန်းမှာ ထပ်ဖြစ်တယ်" လို့ ပြောပါတယ်။ မိတ္ထီလာအမှတ် ၃ ရဲစခန်းက Hijet ကား ယာဉ်မောင်း ဟန်ဇော်ထွန်း (ဖမ်းမိ) အား ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရမှု၊ မောင်းပြေးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ စတဲ့ပုဒ်မတွေနဲ့  ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။ မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024