Homeမြန်မာသတင်း
အောင်လအန်ဆန်မိသားစုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံတွင် တွေ့ဆုံအားပေး
အောင်လအန်ဆန်မိသားစုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံတွင် တွေ့ဆုံအားပေး
DVB
·
October 21, 2019
ဂျပန်ဧကရာဇ် ထီးနန်းတက်ဂုဏ်ပွဲပြု အခမ်းအနားကို တက်ရောက်ဖို့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရောက်ရှိနေတဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူတည်းခိုတဲ့ ဟိုတယ်မှာ ဒီကနေ့ ညနေပိုင်းက အောင်လအန်ဆန်မိသားစုနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အောင်လအန်ဆန်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အားပေးစကား ပြောကြားခဲ့တယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။
အောင်လအန်ဆန်ဟာ အောက်တိုဘာ ၁၃ ရက်က တိုကျိုမြို့မှာကျင်းပခဲ့တဲ့ ONE Championship Century MMA ပြိုင်ပွဲမှာ ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံ ဘရမ်ဒမ်ဗီရာကို ဒုတိယ အချီမှာ အလဲထိုး အနိုင်ရပြီး လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တာပါ။
ပွဲအပြီးမှာ မိသားစုနဲ့အတူ ဂျပန်နိုင်ငံက ကမ္ဘာလှည့်ခရီးသွားအနေနဲ့ အလည်အပတ် ဆက်လက်နေထိုင်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ-DKK Foundation