ကလေးမြို့တွင် အင်အားရစ်(ခ်)တာစကေး ၄.၄ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
October 17, 2019
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အားရစ်(ခ်)တာစကေး ၄.၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၁ နာရီ၊ ၁၅ မိနစ်၊ ၄၃ စက္ကန့်အချိန်မှာ ကလေးမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၁၃ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၁၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၂၆ ဒီဂရီ၊ အနက် ၅၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။