တိုင်းရင်းသားရိုးရာ ခွါဒိုပွဲတော် ရန်ကုန်တွင်ကျင်းပ
ထွန်းထွန်းသိန်း
·
October 15, 2019
တိုင်းရင်းသားရိုးရာ ခွါဒိုပွဲတော်ကို ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှာ ဒီကနေ့ ကျင်းပပါတယ်။
ခွါဒိုပွဲတော်ကို အစောဆုံးစက်တင်ဘာလကနေ နောက်အကျဆုံး ဒီဇင်ဘာလအထိ နေရာဒေသအလိုက်ကျင်းပလေ့ရှိပြီး တောင်ယာသီးနှံရိတ်သိမ်းချိန် အထိမ်းအမှတ်အ ဖြစ်ကျင်းပကြတာပါ။
ခွါဒိုပွဲတော်ဟာချင်းတိုင်းရင်းသားတွေရဲ့ရိုးရာပွဲ ၁၈ ပွဲမှာ အစည်ကားဆုံးကျင်းပတဲ့ပွဲဖြစ်ပြီး မိုးရာသီကုန်ဆုံးချိန်မှာ ကျင်းပတဲ့ ရိုးရာပွဲလည်းဖြစ်ပါတယ်။
ရန်ကုန်မှာကျင်းပတဲ့ ခွါဒိုပွဲတော်ကိုတော့ ဇိုမီးတိုင်းရင်းသားနဲ့ အခြားတိုင်းရင်းသား ၁၀၀၀နီးပါးတက်ရောက်ပြီး တေးသရုပ်ဖော်အကအလှတွေဖျော်ဖြေခြင်း ရိုးရာသီချင်းတွေသီဆိုပြီး နှစ်သစ်အတွက် ဆုမွန်ကောင်းတွေတောင်းခဲ့ကြပါတယ်။