မျက်မမြင် လမ်းလျှောက်ပွဲ ရန်ကုန်တွင် ကျင်းပ
DVB
·
October 15, 2019
နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အဖြစ် ၂၈ ကြိမ်မြောက် မျက်မမြင် လမ်းလျှောက်ပွဲကို ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့မနက် ၆ နာရီက ကျင်းပပါတယ်။
မျက်မမြင် လမ်းလျှောက်ပွဲကို ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ဘုန်းကြီးလမ်းနဲ့ မဟာဗန္ဓုလလမ်းတလျှောက် ပြုလုပ်ခဲ့တာဖြစ်ပြီး လူပေါင်း ၁၀၀၀ကျော် ပါဝင်ခဲ့ကြပါတယ်။
၂၈ ကြိမ်မြောက် ကျင်းပတဲ့ နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့မှာ ရဟန်းသံဃာတွေ၊ လူငယ်တွေနဲ့ သက်ကြီးရွယ်အိုမှ ကလေးငယ်တွေအထိ မျက်မမြင်များ လမ်းလျှောက်ရာ လမ်းဘေးဝဲယာကနေ အားပေးကူညီပေးခဲ့ကြပါတယ်။
သတင်း- နူးရာ