Home
မြန်မာသတင်း
မလေးရှားနိုင်ငံသို့ တရားမဝင်ခိုးဝင်သည့် မြန်မာ ၂၃ ဦးဖမ်းဆီးခံရ
DVB
·
October 9, 2019
မလေးရှားနိုင်ငံအတွင်းကို တရားမဝင်ခိုးဝင်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၂၃ ဦးကို အောက်တိုဘာလ ၇ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ မလေးရှားအခြေစိုက် ဘနားမားသတင်းမှာ ဖော်ပြပါတယ်။ မလေးရှားနိုင်ငံ ကီလန်တန်ပြည်နယ်၊ ပါစရီမတ်စ်ခရိုင်၊ ရန်တေးပန်ဂျန်းမြို့နယ်ခွဲမှာ မလေးရှားရဲတပ်ဖွဲ့က ကင်းလှည့်စစ်ဆေးချိန်မှာ သူတို့ကို တင်ဆောင်လာတဲ့ ယာဉ်နဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ အောက်တိုဘာ ၇ ရက် ဒေသစံတော်ချိန်  နေ့လည် ၁နာရီ ၄၅ မိနစ်မှာ စစ်ဆင်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက မသင်္ကာစရာ ကားတစီးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူကို ကားရပ်ပေးဖို့ တားချိန်မှာ မောင်းထွက်ပြေးသွားခဲ့တာပါ။   ဒါပေမယ့် ကားဟာ အရှိန်မထိန်းနိုင်ပဲ တိုက်မိခဲ့ပြီးရပ်တန့်သွားခဲ့ချိန်မှာ ယာဉ်မောင်းဖြစ်သူက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။        မလေးရှား အထွေထွေစစ်ဆင်ရေးရဲတပ်ဖွဲ့(PGA7)မှ တာဝန်ရှိသူ တဦးဖြစ်တဲ့ အဇာရီနျူစီက တော့ ဖမ်းဆီးရမိတဲ့ မြန်မာ ၂၃ ဦးထဲမှာ အမျိုးသမီး ၂ ဦးပါဝင်ပြီး သူတို့အားလုံးဟာ နိုင်ငံတွင်း ဝင်လာဖို့ ပြည့်စုံတဲ့ အထောက်အထား စာရွက်စာတမ်း တခုမှ ပါမလာကြဘူးလို့ ပြောပါတယ်။ လတ်တလောမှာတော့ ကနဦး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး ဒီပြစ်မှုဟာ မလေးရှားရင်းဂစ်ငွေ ၁၀၀၀၀ ထက်များတဲ့ ဒဏ်ကြေး၊ ဒါမှမဟုတ် ၅ နှစ် ထက်မပိုတဲ့ ထောင်ဒဏ်၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံးဖြစ်စေ ကျခံရနိုင်တာ ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024