ဟိန္ဒူ ၄၀၀ ကျော်ကို ပြန်လွှဲပေးရန် ကုလညီလာခံ၌ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို တောင်းဆို
DVB
·
September 30, 2019
ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်အပါအဝင် မြန်မာနိုင်ငံကို ပြန်လိုကြောင်း ဆန္ဒပြုထားသူတွေကို ဆောလျင်စွာ ပြန်လည်လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာဘက်က တောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဦးကျော်တင့်ဆွေက မိန့်ခွန်းပြောကြားရာမှာ တိုက်တွန်းသွားတာပါ။
“ဟိတ်ဟန်ကြီးကြီးနဲ့ တောင်းဆိုမှုအသစ်တွေ၊ ခြွင်းချက်အသစ်တွေ ပြုလုပ်နေမှုဟာ အချည်းနှီးသာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ လက်တွေ့ကျပြီး၊ ကြံ့ကြံ့ခံနိုင်ကြပါတယ်။ ကျနော်တို့အနေနဲ့ အခြားနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို တန်ဖိုးထားသော်လည်း အချုပ်အခြာအာဏာ ပိုင်ဆိုင်ပြီး လွတ်လပ်တဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်တာနဲ့အညီ မျှတမှုနဲ့ စဉ်းစားချင့်ချိန်မှု မရှိတဲ့ အကျပ်ကိုင်မှုတွေကိုတော့ လက်ခံပြန်ကြားမှာ မဟုတ်ပါဘူး” လို့ ပြည်ထောင်စုဝန်ကြီးက ပြောသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်အနေနဲ့ နေရပ်စွန့်ခွာသူတွေ အရေးကိစ္စ ဖြေရှင်းရေးအတွက် အသင့်လျော်ဆုံး နည်းလမ်းဖြစ်တဲ့ နှစ်နိုင်ငံ သဘောတူညီချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့လည်း မြန်မာကိုယ်စားလှယ်က ကုလသမဂ္ဂ စင်မြင့်ထက်ကနေ တိုက်တွန်းသွားပါတယ်။
“ဘင်္ဂလားဒေ့ရှ်ဘက်က စခန်းတွေမှာ နေရပ်စွန့်ခွာသူတွေ ပြန်လည်လာရောက်ရေးကို ဟန့်တားဖို့နဲ့ သူတို့ရဲ့ ဒုက္ခတွေကို အမြတ်ထုတ်ဖို့အတွက် ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေ အပါအဝင် အခက်အခဲပေါင်းများစွာကို ဖြေရှင်းဖို့ လိုအပ်နေတယ်ဆိုတာ မြန်မာနိုင်ငံအနေနဲ့ သိရှိထားပါတယ်။ အဆင်ပြေချောမွေ့တဲ့ ပြန်လည်လက်ခံရေးဖြစ်ဖို့ စစ်မှန်တဲ့ နိုင်ငံရေးဆန္ဒ၊ ခိုင်မာတဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ လက်မှတ်ရေးထိုး သဘောတူညီထားတဲ့ ကတိကဝတ်တွေကို အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ်။”
ကော့စ်ဘဇားမှာရှိတဲ့ နေရပ်စွန့်ခွာသူတွေ အရေးကို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ ဖြေရှင်းသွားမှာ ဖြစ်တယ်။ မြန်မာနိုင်ငံအတွင်း “Safe Zone” တည်ထောင်ဖို့ တောင်းဆိုမှုတွေကို ခွင့်ပြုမှာလည်း မဟုတ်သလို ဘယ်လိုနည်းနဲ့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူးလို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသွားပါတယ်။
နေရပ်စွန့်ခွာသူတွေကို စိစစ်ပြီး ပြန်လည်လက်ခံရေးနဲ့ ပြန်လည်ရောက်ရှိလာသူတွေကို ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ အာဆီယံ၊ မိတ်ဆွေများ၊ အလှူရှင်များနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့ဖူးတဲ့ နေရပ်စွန့်ခွာသူတွေထဲက ပြန်လည်ဝင်ရောက်မယ့်သူတွေကို သက်သေခံကတ်ပြား ထုတ်ပေးမှာဖြစ်ကြောင်း နိုင်ငံသားဥပဒေနဲ့ ကိုက်ညီတဲ့သူတွေကို နိုင်ငံသားကတ်ပြားတွေ ထုတ်ပေးမှာ ဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ NVC ကတ်ပြားတွေ ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
အာဆာအဖွဲ့ရဲ့ သတ်ဖြတ်မှုများ၊ ခြိမ်းခြောက်ဟန့်တားမှုများ ရှိတဲ့ကြားထဲက နေရပ်စွန့်ခွာသူ ၃၀၀ လောက်ဟာ သူတို့ရဲ့ဆန္ဒသဘောအရ သူတို့အစီအစဉ်နဲ့ ပြန်လည်ဝင်ရောက်လာပြီး ဘဝတွေကို ပြန်လည်ထူထောင်နေပြီလို့လည်း ပြောသွားပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှိနိုင်ငံကို လူတွေသိန်းနဲ့ချီ နေရပ်စွန့်ခွာသွားပြီး မြန်မာဘက်က ပြန်လည်လက်ခံဖို့ ၂၀၁၈ ဇန်နဝါရီ ၂၃ ရက်မှာ ပထမအကြိမ်၊ ၂၀၁၈ နိုဝင်ဘာ ၁၅ ရက်မှာ ဒုတိယအကြိမ်၊ ၂၀၁၉ သြဂုတ် ၂၂ ရက်မှာ တတိယအကြိမ် ပြန်လည်လက်ခံဖို့ စီစဉ်ထားခဲ့ပေမယ့် တဦး တယောက်မှ ပြန်လည်ဝင်ရောက်လာခဲ့တာ မရှိပါဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဟိႏၵဴ ၄၀၀ ေက်ာ္ကို ျပန္လႊဲေပးရန္ ကုလညီလာခံ၌ ျမန္မာက ဘဂၤလားေဒ့ရွ္ကို ေတာင္းဆို
ဟိႏၵဴဘာသာဝင္ ၄၀၀ ေက်ာ္အပါအဝင္ ျမန္မာႏိုင္ငံကို ျပန္လိုေၾကာင္း ဆႏၵျပဳထားသူေတြကို ေဆာလ်င္စြာ ျပန္လည္လႊဲေျပာင္းေပးဖို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ျမန္မာဘက္က ေတာင္းဆိုလိုက္ပါတယ္။
စက္တင္ဘာ ၂၈ ရက္က နယူးေယာက္ၿမိဳ႕၊ ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပတဲ့ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ အေထြေထြမူဝါဒေရးရာေဆြးေႏြးပြဲမွာ ျမန္မာကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြက မိန႔္ခြန္းေျပာၾကားရာမွာ တိုက္တြန္းသြားတာပါ။
“ဟိတ္ဟန္ႀကီးႀကီးနဲ႔ ေတာင္းဆိုမႈအသစ္ေတြ၊ ႁခြင္းခ်က္အသစ္ေတြ ျပဳလုပ္ေနမႈဟာ အခ်ည္းႏွီးသာ ျဖစ္ပါတယ္။ ျမန္မာျပည္သူေတြဟာ လက္ေတြ႕က်ၿပီး၊ ႀကံ့ႀကံ့ခံႏိုင္ၾကပါတယ္။ က်ေနာ္တို႔အေနနဲ႔ အျခားႏိုင္ငံမ်ားနဲ႔ ခ်စ္ၾကည္ရင္းႏွီးတဲ့ ဆက္ဆံေရးကို တန္ဖိုးထားေသာ္လည္း အခ်ဳပ္အျခာအာဏာ ပိုင္ဆိုင္ၿပီး လြတ္လပ္တဲ့ ကုလသမဂၢအဖြဲ႕ဝင္ ႏိုင္ငံတႏိုင္ငံ ျဖစ္တာနဲ႔အညီ မွ်တမႈနဲ႔ စဥ္းစားခ်င့္ခ်ိန္မႈ မရွိတဲ့ အက်ပ္ကိုင္မႈေတြကိုေတာ့ လက္ခံျပန္ၾကားမွာ မဟုတ္ပါဘူး” လို႔ ျပည္ေထာင္စုဝန္ႀကီးက ေျပာသြားပါတယ္။
ဘဂၤလားေဒ့ရွ္အေနနဲ႔ ေနရပ္စြန႔္ခြာသူေတြ အေရးကိစၥ ေျဖရွင္းေရးအတြက္ အသင့္ေလ်ာ္ဆုံး နည္းလမ္းျဖစ္တဲ့ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ေတြကို တိတိက်က် လိုက္နာေဆာင္႐ြက္ဖို႔လည္း ျမန္မာကိုယ္စားလွယ္က ကုလသမဂၢ စင္ျမင့္ထက္ကေန တိုက္တြန္းသြားပါတယ္။
“ဘဂၤလားေဒ့ရွ္ဘက္က စခန္းေတြမွာ ေနရပ္စြန႔္ခြာသူေတြ ျပန္လည္လာေရာက္ေရးကို ဟန႔္တားဖို႔နဲ႔ သူတို႔ရဲ႕ ဒုကၡေတြကို အျမတ္ထုတ္ဖို႔အတြက္ ဖ်က္လိုဖ်က္ဆီးလုပ္ရပ္ေတြ အပါအဝင္ အခက္အခဲေပါင္းမ်ားစြာကို ေျဖရွင္းဖို႔ လိုအပ္ေနတယ္ဆိုတာ ျမန္မာႏိုင္ငံအေနနဲ႔ သိရွိထားပါတယ္။ အဆင္ေျပေခ်ာေမြ႕တဲ့ ျပန္လည္လက္ခံေရးျဖစ္ဖို႔ စစ္မွန္တဲ့ ႏိုင္ငံေရးဆႏၵ၊ ခိုင္မာတဲ့ ႀကိဳးပမ္းအားထုတ္မႈနဲ႔ လက္မွတ္ေရးထိုး သေဘာတူညီထားတဲ့ ကတိကဝတ္ေတြကို အတိအက် လိုက္နာဖို႔ လိုအပ္ပါတယ္။”
ေကာ့စ္ဘဇားမွာရွိတဲ့ ေနရပ္စြန႔္ခြာသူေတြ အေရးကို ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံအၾကား ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလက လက္မွတ္ေရးထိုးခဲ့တဲ့ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အရ ေျဖရွင္းသြားမွာ ျဖစ္တယ္။ ျမန္မာႏိုင္ငံအတြင္း “Safe Zone” တည္ေထာင္ဖို႔ ေတာင္းဆိုမႈေတြကို ခြင့္ျပဳမွာလည္း မဟုတ္သလို ဘယ္လိုနည္းနဲ႔မွ ျဖစ္ႏိုင္မွာ မဟုတ္ပါဘူးလို႔ ျမန္မာကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ေျပာသြားပါတယ္။
ေနရပ္စြန႔္ခြာသူေတြကို စိစစ္ၿပီး ျပန္လည္လက္ခံေရးနဲ႔ ျပန္လည္ေရာက္ရွိလာသူေတြကို ပိုမိုေကာင္းမြန္တဲ့ ပတ္ဝန္းက်င္ ဖန္တီးေပးေရးအတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ကုလသမဂၢဖြံ႕ၿဖိဳးမႈအစီအစဥ္၊ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး၊ အာဆီယံ၊ မိတ္ေဆြမ်ား၊ အလႉရွင္မ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။
ရခိုင္ျပည္နယ္မွာ ေနထိုင္ခဲ့ဖူးတဲ့ ေနရပ္စြန႔္ခြာသူေတြထဲက ျပန္လည္ဝင္ေရာက္မယ့္သူေတြကို သက္ေသခံကတ္ျပား ထုတ္ေပးမွာျဖစ္ေၾကာင္း ႏိုင္ငံသားဥပေဒနဲ႔ ကိုက္ညီတဲ့သူေတြကို ႏိုင္ငံသားကတ္ျပားေတြ ထုတ္ေပးမွာ ျဖစ္ၿပီး က်န္တဲ့သူေတြကိုေတာ့ NVC ကတ္ျပားေတြ ထုတ္ေပးမွာျဖစ္တယ္လို႔ သိရပါတယ္။
အာဆာအဖြဲ႕ရဲ႕ သတ္ျဖတ္မႈမ်ား၊ ၿခိမ္းေျခာက္ဟန႔္တားမႈမ်ား ရွိတဲ့ၾကားထဲက ေနရပ္စြန႔္ခြာသူ ၃၀၀ ေလာက္ဟာ သူတို႔ရဲ႕ဆႏၵသေဘာအရ သူတို႔အစီအစဥ္နဲ႔ ျပန္လည္ဝင္ေရာက္လာၿပီး ဘဝေတြကို ျပန္လည္ထူေထာင္ေနၿပီလို႔လည္း ေျပာသြားပါတယ္။
ရခိုင္ျပည္နယ္၊ ေမာင္ေတာေဒသမွာ ၂၀၁၇ ခုႏွစ္ အၾကမ္းဖက္ျဖစ္စဥ္ေၾကာင့္ ဘဂၤလားေဒ့ရွိႏိုင္ငံကို လူေတြသိန္းနဲ႔ခ်ီ ေနရပ္စြန႔္ခြာသြားၿပီး ျမန္မာဘက္က ျပန္လည္လက္ခံဖို႔ ၂၀၁၈ ဇန္နဝါရီ ၂၃ ရက္မွာ ပထမအႀကိမ္၊ ၂၀၁၈ ႏိုဝင္ဘာ ၁၅ ရက္မွာ ဒုတိယအႀကိမ္၊ ၂၀၁၉ ၾသဂုတ္ ၂၂ ရက္မွာ တတိယအႀကိမ္ ျပန္လည္လက္ခံဖို႔ စီစဥ္ထားခဲ့ေပမယ့္ တဦး တေယာက္မွ ျပန္လည္ဝင္ေရာက္လာခဲ့တာ မရွိပါဘူး။