Home
မြန်မာသတင်း
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်နေ၍ ကလေးလုပ်သား လျော့နည်းပပျောက်ရေးလုပ်ရာတွင် အခက်အခဲရှိဟု ဒုသမ္မတ ပြော
DVB
·
September 28, 2019
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်လို့ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး လုပ်ရာမှာ အခက်အခဲတွေရှိပြီး ကုန်သွယ်မှု အထူးအခွင့်အရေးပေးတဲ့ ကိစ္စရပ်တွေအပေါ် ရိုက်ခတ်မှုရှိနေတယ်လို့ ဒုသမ္မတဦးမြင့်ဆွေက ပြောပါတယ်။ မနေ့က နေပြည်တော်မှာ လုပ်တဲ့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှာစကားမှာ ပြောခဲ့တာပါ။ ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဒုသမ္မတက ကလေးလုပ်သား လျော့နည်းပပျောက်ရေးအတွက် အခက်အခဲတွေရှိပြီး နိုင်ငံတကာ ထောက်ပြတာတွေ ရှိပေမယ့် ဒါကို အမျိုးသားရေးတာဝန် တရပ်အဖြစ် သတ်မှတ်ပြီး ရေရှည်ဆောင်ရွက်ရမယ်လို့ ပြောပါတယ်။ ကလေးလုပ်သားတွေ ရှိလို့ အဓိကအနေနဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး (Generalized System of Preferences – GSP) ပေးတဲ့ကိစ္စတွေမှာ အတိုင်းအတာတခုအထိ ရိုက်ခတ်ပြီး ကုန်သွယ်မှုအခွင့်အရေးဟာ နိုင်ငံတော်အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့အတွက် အထောက်အပံ့တခုလည်း ဖြစ်တယ်လို့ ပြောပါတယ်။ ကလေးအလုပ်သမား ပပျောက်ရေးဟာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စတခုဖြစ်ပြီး မြန်မာနိုင်ငံအတွက်လည်း စိန်ခေါ်မှု အကြီးကြီးဖြစ်တာကြောင့် တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေသာမက ဆက်စပ်ကဏ္ဍ ပေါင်းစုံကတဆင့် လက်တွေ့ကျကျ တိကျတဲ့ စီမံချက်နဲ့ အစဉ်တစိုက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးဟာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တာ၊ လူနေမှုဘဝ မြင့်မားတာ၊ ပညာရေး ဖွံ့ဖြိုးတိုးတက်တာတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေသလို ပြည်တွင်း ပဋိပက္ခတချို့ကြောင့် ဆင်းရဲနွမ်းပါးတာတွေနဲ့ ရွှေ့ပြောင်းနေထိုင်တာတွေ၊ ရာသီဥတုပြောင်းလဲတဲ့ အကျိုးဆက်ကြောင့်ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေ၊ စားနပ်ရိက္ခာ မဖူလုံတာတွေနဲ့ လူမှုစီးပွား ဘဝအကျပ်အတည်းတွေက ကလေးတွေကို ပညာဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ဘဲ ကလေးအလုပ်သမားအဖြစ် တွန်းပို့တဲ့ အခြေခံအကြောင်းအရာတွေဖြစ်ပြီး အဲဒါတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် ခက်ခဲကြာရှည် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကလေးအလုပ်သမားတွေ လျှော့ချရေးလုပ်ရာမှာ သူတို့ကို လုပ်ငန်းခွင်ကနေ ရှာဖွေဖော်ထုတ် ဖယ်ရှားပစ်ရုံနဲ့ ပပျောက်ရန် မဖြစ်နိုင်တာကြောင့် ကျောင်းနေအရွယ် ကလေးအားလုံး အခမဲ့ ပညာသင်ကြားနိုင်ရေး၊ ကလေးသူငယ်တွေ ကူညီစောင့်ရှောက်ပေးမယ့် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ များလာရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ပြည်သူတွေကို ဗဟုသုတမျှဝေပြီး ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် ပူးပေါင်းဆန့်ကျင်တိုက်ဖျက်ရေး စိတ်ဓာတ်တွေ ကိန်းအောင်းလာဖို့ အလေးထားဆောင်ရွက်ရေးတို့ကိုလည်း ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မှ ရမယ်လို့ ဒုသမ္မတက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) ရဲ့ စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြား ကလေးသူငယ် ၂၁၈ သန်း အလုပ်လုပ်နေကြတာမှာ ၁၅၂ သန်းဟာ ကလေးလုပ်သားတွေ ဖြစ်နေပြီး အဲဒီထဲက ၇၃ သန်းဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်နေကြရပါတယ်။ ၂၀၁၈ ခုနှစ်၊ နှစ်စဉ်လုပ်သားအင်အားစစ်တမ်း အစီရင်ခံစာအရ မြန်မာနိုင်ငံမှာတော့ အသက် ၅ နှစ်ကနေ ၁၇ နှစ်အထိ ကလေးဦးရေ ၁၂၄ သိန်းရှိတာမှာ ၆ သိန်းဟာ အလုပ်လုပ်ကိုင်နေကြပြီး ၄ သိန်းကျော်ဟာ ကလေးလုပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ကလေးဦးရေ ၄ သိန်းဟာ အန္တရာယ်ရှိတဲ့ အလုပ်တွေလုပ်နေကြတဲ့ ကလေးလုပ်သားတွေ ဖြစ်ပြီး ကလေးဦးရေ ၃၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက် ကလေးအလုပ်သမားတွေ၊  ၂၀ ရာခိုင်နှုန်း ကျော်ဟာ မြို့ပြကလေးအလုပ်သမားတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီမှာလုပ်တဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးရဲ့ ဆုံးဖြတ်ချက် ၉ ချက်ကို အားလုံးဆောင်ရွက်ပြီးခဲ့ပြီး ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာမှာလုပ်တဲ့  ဒုတိယအကြိမ် အစည်းအဝေးက ဆုံးဖြတ်ချက် ၁၄ ခုမှာတော့ ၁၂ ခု ဆောင်ရွက်ပြီးပြီ ဖြစ်ပါတယ်။ ကလေးအလုပ်သမား ပပျောက်ရေးအတွက် နေပြည်တော်ကောင်စီ အပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကို ဦးစားပေးစီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ ~~~~~~~~~~~~~~~~~~~~ Zawgyi_version ဖြံ႕ၿဖိဳးဆဲႏိုင္ငံျဖစ္ေန၍ ကေလးလုပ္သား ေလ်ာ့နည္းပေပ်ာက္ေရးလုပ္ရာတြင္ အခက္အခဲရွိဟု ဒုသမၼတ ေျပာ ျမန္မာႏိုင္ငံဟာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံျဖစ္လို႔ ကေလးအလုပ္သမား ေလ်ာ့နည္းပေပ်ာက္ေရး လုပ္ရာမွာ အခက္အခဲေတြရွိၿပီး ကုန္သြယ္မႈ အထူးအခြင့္အေရးေပးတဲ့ ကိစၥရပ္ေတြအေပၚ ႐ိုက္ခတ္မႈရွိေနတယ္လို႔ ဒုသမၼတဦးျမင့္ေဆြက ေျပာပါတယ္။ မေန႔က ေနျပည္ေတာ္မွာ လုပ္တဲ့ ျမန္မာႏိုင္ငံ ကေလးအလုပ္သမား ပေပ်ာက္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီရဲ႕ တတိယအႀကိမ္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး အမွာစကားမွာ ေျပာခဲ့တာပါ။ ေကာ္မတီဥကၠ႒ျဖစ္တဲ့ ဒုသမၼတက ကေလးလုပ္သား ေလ်ာ့နည္းပေပ်ာက္ေရးအတြက္ အခက္အခဲေတြရွိၿပီး ႏိုင္ငံတကာ ေထာက္ျပတာေတြ ရွိေပမယ့္ ဒါကို အမ်ိဳးသားေရးတာဝန္ တရပ္အျဖစ္ သတ္မွတ္ၿပီး ေရရွည္ေဆာင္႐ြက္ရမယ္လို႔ ေျပာပါတယ္။ ကေလးလုပ္သားေတြ ရွိလို႔ အဓိကအေနနဲ႔ ကုန္သြယ္မႈအထူးအခြင့္အေရး (Generalized System of Preferences – GSP) ေပးတဲ့ကိစၥေတြမွာ အတိုင္းအတာတခုအထိ ႐ိုက္ခတ္ၿပီး ကုန္သြယ္မႈအခြင့္အေရးဟာ ႏိုင္ငံေတာ္အတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြနဲ႔ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္မႈတို႔အတြက္ အေထာက္အပံ့တခုလည္း ျဖစ္တယ္လို႔ ေျပာပါတယ္။ ကေလးအလုပ္သမား ပေပ်ာက္ေရးဟာ ကမာၻလုံးဆိုင္ရာ ကိစၥတခုျဖစ္ၿပီး ျမန္မာႏိုင္ငံအတြက္လည္း စိန္ေခၚမႈ အႀကီးႀကီးျဖစ္တာေၾကာင့္ တာဝန္ရွိသူေတြ၊ အဖြဲ႕အစည္းေတြသာမက ဆက္စပ္က႑ ေပါင္းစုံကတဆင့္ လက္ေတြ႕က်က် တိက်တဲ့ စီမံခ်က္နဲ႔ အစဥ္တစိုက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားၾကဖို႔ အေရးႀကီးတယ္လို႔လည္း ေျပာပါတယ္။ ကေလးအလုပ္သမား ေလ်ာ့နည္းပေပ်ာက္ေရးဟာ ႏိုင္ငံရဲ႕ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္တာ၊ လူေနမႈဘဝ ျမင့္မားတာ၊ ပညာေရး ဖြံ႕ၿဖိဳးတိုးတက္တာေတြနဲ႔ တိုက္႐ိုက္သက္ဆိုင္ေနသလို ျပည္တြင္း ပဋိပကၡတခ်ိဳ႕ေၾကာင့္ ဆင္းရဲႏြမ္းပါးတာေတြနဲ႔ ေ႐ႊ႕ေျပာင္းေနထိုင္တာေတြ၊ ရာသီဥတုေျပာင္းလဲတဲ့ အက်ိဳးဆက္ေၾကာင့္ျဖစ္လာတဲ့ သဘာဝေဘးအႏၲရာယ္ေတြ၊ စားနပ္ရိကၡာ မဖူလုံတာေတြနဲ႔ လူမႈစီးပြား ဘဝအက်ပ္အတည္းေတြက ကေလးေတြကို ပညာဆုံးခန္းတိုင္ေအာင္ မသင္ၾကားႏိုင္ဘဲ ကေလးအလုပ္သမားအျဖစ္ တြန္းပို႔တဲ့ အေျခခံအေၾကာင္းအရာေတြျဖစ္ၿပီး အဲဒါေတြဟာ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံေတြအတြက္ ခက္ခဲၾကာရွည္ ေဆာင္႐ြက္ရမယ့္ လုပ္ငန္းစဥ္ေတြ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ကေလးအလုပ္သမားေတြ ေလွ်ာ့ခ်ေရးလုပ္ရာမွာ သူတို႔ကို လုပ္ငန္းခြင္ကေန ရွာေဖြေဖာ္ထုတ္ ဖယ္ရွားပစ္႐ုံနဲ႔ ပေပ်ာက္ရန္ မျဖစ္ႏိုင္တာေၾကာင့္ ေက်ာင္းေနအ႐ြယ္ ကေလးအားလုံး အခမဲ့ ပညာသင္ၾကားႏိုင္ေရး၊ ကေလးသူငယ္ေတြ ကူညီေစာင့္ေရွာက္ေပးမယ့္ အရပ္ဘက္ လူမႈအဖြဲ႕အစည္းေတြ မ်ားလာေရး၊ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ေရးနဲ႔ ျပည္သူေတြကို ဗဟုသုတမွ်ေဝၿပီး ကေလးအလုပ္သမား ေလ်ာ့နည္းပေပ်ာက္ေရးအတြက္ ပူးေပါင္းဆန႔္က်င္တိုက္ဖ်က္ေရး စိတ္ဓာတ္ေတြ ကိန္းေအာင္းလာဖို႔ အေလးထားေဆာင္႐ြက္ေရးတို႔ကိုလည္း ဟန္ခ်က္ညီညီ လုပ္ေဆာင္ႏိုင္မွ ရမယ္လို႔ ဒုသမၼတက ေျပာပါတယ္။ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕(ILO) ရဲ႕ စစ္တမ္းေတြအရ ကမာၻေပၚမွာ အသက္ ၅ ႏွစ္ကေန ၁၇ ႏွစ္ၾကား ကေလးသူငယ္ ၂၁၈ သန္း အလုပ္လုပ္ေနၾကတာမွာ ၁၅၂ သန္းဟာ ကေလးလုပ္သားေတြ ျဖစ္ေနၿပီး အဲဒီထဲက ၇၃ သန္းဟာ အႏၲရာယ္ရွိတဲ့ လုပ္ငန္းခြင္မွာ လုပ္ေနၾကရပါတယ္။ ၂၀၁၈ ခုႏွစ္၊ ႏွစ္စဥ္လုပ္သားအင္အားစစ္တမ္း အစီရင္ခံစာအရ ျမန္မာႏိုင္ငံမွာေတာ့ အသက္ ၅ ႏွစ္ကေန ၁၇ ႏွစ္အထိ ကေလးဦးေရ ၁၂၄ သိန္းရွိတာမွာ ၆ သိန္းဟာ အလုပ္လုပ္ကိုင္ေနၾကၿပီး ၄ သိန္းေက်ာ္ဟာ ကေလးလုပ္သားေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီထဲမွာ ကေလးဦးေရ ၄ သိန္းဟာ အႏၲရာယ္ရွိတဲ့ အလုပ္ေတြလုပ္ေနၾကတဲ့ ကေလးလုပ္သားေတြ ျဖစ္ၿပီး ကေလးဦးေရ ၃၀ ရာခိုင္ႏႈန္းေက်ာ္ဟာ ေက်းလက္ ကေလးအလုပ္သမားေတြ၊  ၂၀ ရာခိုင္ႏႈန္း ေက်ာ္ဟာ ၿမိဳ႕ျပကေလးအလုပ္သမားေတြ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံကေလးအလုပ္သမားပေပ်ာက္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီရဲ႕ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီမွာလုပ္တဲ့ ပထမအႀကိမ္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးရဲ႕ ဆုံးျဖတ္ခ်က္ ၉ ခ်က္ကို အားလုံးေဆာင္႐ြက္ၿပီးခဲ့ၿပီး ၂၀၁၈ခုႏွစ္၊ ဒီဇင္ဘာမွာလုပ္တဲ့  ဒုတိယအႀကိမ္ အစည္းအေဝးက ဆုံးျဖတ္ခ်က္ ၁၄ ခုမွာေတာ့ ၁၂ ခု ေဆာင္႐ြက္ၿပီးၿပီ ျဖစ္ပါတယ္။ ကေလးအလုပ္သမား ပေပ်ာက္ေရးအတြက္ ေနျပည္ေတာ္ေကာင္စီ အပါအဝင္ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ ဧရာဝတီတိုင္း၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔ကို ဦးစားေပးစီမံကိန္းနယ္ေျမအျဖစ္ သတ္မွတ္ထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024