Home
ဆောင်းပါး
နှလုံးသွေးကြောကျဉ်းကုသမှုတစ်ခုဖြစ်တဲ့ Stent ( စတန့်)ထည့်တယ်ဆိုတာဘာလဲ
DVB
·
September 28, 2019

ငယ်ငယ်ရွယ်ရွယ်တုန်းက စားချင်တာတွေ မဆင်မခြင်စားခဲ့ကြတာကတစ်ကြောင်း ေလ့ကျင့်ခန်းမလုပ်ခဲ့တာကြတစ်ကြောင်း  နှလုံးကျန်းမာအောင် မထိန်းခဲ့မိတာကတစ်ကြောင် း အသက်ကြီးလာတော့ ဝလာတာကတစ်ကြောင်းနဲ့ နှလုံးသွေးကြောကျဉ်းတဲပြဿာတွေ အဖြစ်များလာတာ အားလုံးသိကြမှာပါ။ နှလုံးသွေးကြောဆိုတာကလည်း အရေးကြီးတယ်မလား။ ကျဉ်းရာကနေ  နောက်ပိုင်း နှလုံးသွေးကြောပိတ်သွားတာမျိုးကနေ အသက်ဆုံးတဲ့အထိ ဖြစ်သွားတတ်တယ်လေ။

ကျဉ်းနေတဲ့နှလုံးသွေးကြောကြောင့် လှုပ်လှုပ်ရှားရှားလုပ်လိုက်တိုင်း မောလို့ ဆေးခန်းသွားပြတဲ့အခါ နှလုံးသွေးကြောကျဉ်းနေပြီလို့ အဖြေထွက်တာနဲ့ ဆရာဝန်က Stent ထည့်ပြီး နှလုံးသွေးကြောြပန်ချဲ့ဖို့လိုကြောင်း ပြောပါလိမ့်မယ်။ ဒီတော့ Stent ဆိုတာဘာလဲ၊ သူက ဘယ်လိုကောင်းကျိုးတွေ ရှိလို့လဲဆိုတဲ့အကြောင်း ဒီဆောင်းပါးထဲမှာ ပြောပြပေးမှာပါ။

Stent ဆိုတာ ဘာလဲ။

Stent ဆိုတာ သတ္တု( ဒါမှမဟုတ်) ပလတ်စတစ်နဲ့လုပ်ထားတဲ့ သေးငယ်တဲ့ ပိုက်လေးတစ်ချောင်းပါ။ ပိတ်နေတဲ့ သွေးကြောတွေ ပြန်ပွင့်ဖို့၊ ကျဉ်းနေတဲ့ သွေးကြောတွေ ပြန်ကျယ်စေဖို့ ဒီ Stent လေးထည့်ပြီး ပုံမှန်သွေးလည်ပတ်မှု ရအောင်လုပ်လို့ရပါတယ်။ သွေးကြောကြီးတွေအတွက်တော့ specialized fabric နဲ့ပြုလုပ်ထားတဲ့ Stent-grafts တွေ ထည့်ရပါတယ်။

ဘယ်လိုလူတွေက stent ထည့်ဖို့ လိုအပ်သလဲ။

Stent ထည့်တာက နှလုံးသွေးကြောမပိတ်အောင် တစ်ခုတည်းအတွက် သုံးလို့ရတာလား။

နှလုံးသွေးကြောကျဉ်းတာ ပိတ်တာအတွက် stent ထည့်ပြီးကုသတာအပြင် stent က

  • Aortic Aneurysm ( နှလုံးပင်မသွေးကြောဖောင်းခြင်း) brain Aneurysm ( ဦးနှောက်သွေးကြောဖောင်းခြင်း) စတဲ့ သွေးကြောဖောင်းတွေ မပေါက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
  • သည်းခြေလမ်းကြောင်းပိတ်သွားတာ၊ လေပြွန်ကျဉ်းနေတာနဲ့ ဆီးလမ်းကြောင်းပိတ်သွားတာ စတဲ့ ပြဿနာတွေမှာလည်း stent ထည့်ပြီး ပုံမှန်လမ်းကြောင်းပြန်ရအောင် လုပ်လို့ရပါသေးတယ်။

နှလုံးသွေးကြောကျဉ်းနေလို့ Stent ထည့်ကုသမှု ခံယူတော့မယ်ဆိုရင် လူနာတွေဘက်က ဘာတွေ ပြင်ဆင်ထားဖို့လိုအပ်လဲ။

ဒီလို ပြင်ဆင်တဲ့နေရာမှာ ကိုယ်ဘယ်နေရာမှာ stent ထည့်မှာလဲ ဘယ်သွေးကြောအတွက် ဘယ်လမ်းကြော်ငးအတွ်က ထည့်မှာလဲဆိုတာပေါ် မူတည်ပြီး ကွဲပြားမှုတွေ ရှိပါတယ်။ Stent ကို များသောအားဖြင့် သွေးကြောတွေ အတွက်ပဲ သုံးကြတာဆိုတော့ သွေးကြောတွေထဲ stent မထည့်ခင် လူနာဘက်က ပြင်ဆင်ထားဖို့လိုတဲ့အချက်လေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။

  • စွဲသောက်နေတဲ့ ဆေးတွေ အကြောင်း ဆရာဝန်ကို သေချာပြောပြပါ။
  • သွေးကျဲေစတဲ့ ဆေးတွေဖြစ်တဲ့ aspirin, clopidogrel, ibuprofen, နဲ့ naproxen တို့ကို လုံးဝမသောက်ပါနဲ့။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။
  • ဆေးလိပ်သောက်နေတဲ့သူဆို ေဆးလိပ်ဖြတ်ပါ။

Stent တစ်ခုကို ဘယ်လိုထည့်လဲ။

နှလုံးသွေးကြောထဲ ပိုက်ထည့်ရမယ်ဆိုတော့ ခွဲစိတ်မှု အကြီကြီးလုပ်ရမှာပဲလို့ ထင်နေကြတဲ့သူတွေ ရှိမယ်ထင်ပါတယ်။ တကယ်တော့ Stent ထည့်ပြီး နှလုံးသွေးကြောချဲ့တဲ့ ခွဲစိတ်မှုဟာ ခွဲစိတ်ရာ အကြီးကြီးမလိုဘဲ သေးသေးလေးနဲ့တင်ပြီးသွားတဲ့ ခွဲစိတ်မှု တစ်ခုပါ။

ပေါင်ကြား( ဒါမှမဟုတ်) လက်မောင်းအတွင်း တစ်နေရာမှာ ခွဲစိတ်ရာသေးသေးလေးပေးပြီး ကင်မရာတပ်ဆင်ထားတဲ့ catheter ကနေတစ်ဆင့် လိုချင်တဲ့နေရာရောက်အောင် Stent ကို ထည့်လေ့ရှိပါတယ်။ ဒီလိုထည့်နေချိန် သွေးကြောတွေကို ပိုပြီးမြင်သာစေဖို့အတွက် ဆရာဝန်ကနေ angiogram လို့ခေါ်တဲ့ သွေးကြောတွင်းဆေးရည်ထိုးသွင်းပုံရိပ်ဖော်ခြင်းနည်းပညာကို သုံးမှှာ ဖြစ်ပါတယ်။

ဒီလို နည်းပညာတွေကိုသုံးပြီး ပျက်စီးနေတဲ့သွေးကြောနေရာကို သိမယ်၊ အဲဒီနေရာရောက်အောင် stent ထည့်ပြီး ပြုပြင်ပေးမယ်၊ ပြီးရင် stent ကလွဲပြီး ကျန်တာတွေအားလုံးကို ပြန်ထုတ်၊ ခွဲစိတ်ရာကို ပြန်ချုပ်မှှာ ဖြစ်ပါတယ်။

Stent ထည့်တဲ့ ကိစ္စမှာရော နောက်ဆက်တွဲ ပြဿနာတွေ ရှိသေးလား။

သူကလည်းခွဲစိတ်မှု တစ်ခုဖြစ်တာကြောင့် နောက်ဆက်တွဲ ပြဿနာလေးတွေ ရှိပါတယ်။ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့

  • သွေးကြောတွေကို ပုံရိပ်ဖော်တဲ့နေရာမှာသုံးတဲ့ ဆေးရည်တွေနဲ့ ဓာတ်မတည့်တာ
  • မေ့ဆေးပေးခွဲစိတ်ရတာဖြစ်တာကြောင့် မေ့ဆေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ
  • သွေးကြောကို ခွဲစိတ်ရာမှာဖြစ်တာကြောင့် သွေးထွက်လွန်တဲ့ပြဿနာတွေ
  • သွေးထွက်ရာကနေ သွေးခဲလေးတွေဖြစ်သွားနိုင်တာတွေ
  • Stent က အခြားသွေးကြောတစ်ခုအပေါ် သွားပိမိပြီး သွေးကြောပိတ်သွားနိုင်တာတွေ
  • အသစ်ဝင်လာတဲ့ stent ကို ခုခံအားက ပြန်တိုက်လို့ သွေးကြောတွေ ရောင်ပြီး ကျဉ်းလာတာမျိုးတွေ
  • လေပြွန်ထဲ stent ထည့်တဲ့ ကိစ္စတွေမှာဆို အသက်ရှူရခက်တာတွေ
  • ကျောက်ကပ်ထဲ stent ထည့်တဲ့ပြဿနာတွေမှာဆို ကျောက်တည်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

Stent ထည့်ပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်နိုင်သေးလဲ။

  • ခွဲထားတဲ့ အရာလေးကနေ နာကျင်မှု အနည်းငယ်ခံစားရမယ်။ အဲဒီအတွက် ဆရာဝန်တွေက ဆေးပေးမှာ ဖြစ်ပါတယ်။
  • သွေးခဲတာမျိုးတွေ မဖြစ်အောင်လို့ သွေးကျဲဆေးတွေလည်း သောက်ရပါလိမ့်မယ်။
  • နှလုံးသွေးကြောပိတ်တာ လေဖြတ်တာမျိုးတွေ ကြောင့် stent ထည့်ရရင်တော့ စိတ်ချရအောင် ဆေးရုံမှာ ရက်အနည်းငယ်နေဖို့ လိုပါလိမ့်မယ်။
  • နောက်ပြီး သွေးကြောကျဉ်းတာ သွေးတွင်းအဆီများတာမျိုးတွေ ထပ်မဖြစ်အောင်လို့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို ပြောင်းလဲဖို့လိုအပ်ပါလိမ့်မယ် ။ ။
ရေးသားသူ Dr. Thin Yadanar @ Frances ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version

ႏွလံုးေသြးေၾကာက်ဥ္းကုသမႈတစ္ခုျဖစ္တဲ့ Stent ( စတန္႕)ထည့္တယ္ဆိုတာဘာလဲ 

ငယ္ငယ္ရြယ္ရြယ္တုန္းက စားခ်င္တာေတြ မဆင္မျခင္စားခဲ့ၾကတာကတစ္ေၾကာင္း ေလ့က်င့္ခန္းမလုပ္ခဲ့တာၾကတစ္ေၾကာင္း  ႏွလံုးက်န္းမာေအာင္ မထိန္းခဲ့မိတာကတစ္ေၾကာင္ း အသက္ၾကီးလာေတာ့ ဝလာတာကတစ္ေၾကာင္းနဲ႔ ႏွလံုးေသြးေၾကာက်ဥ္းတဲျပႆာေတြ အျဖစ္မ်ားလာတာ အားလံုးသိၾကမွာပါ။ ႏွလံုးေသြးေၾကာဆုိတာကလည္း အေရးၾကီးတယ္မလား။ က်ဥ္းရာကေန  ေနာက္ပိုင္း ႏွလံုးေသြးေၾကာပိတ္သြားတာမ်ိဳးကေန အသက္ဆံုးတဲ့အထိ ျဖစ္သြားတတ္တယ္ေလ။ က်ဥ္းေနတဲ့ႏွလံုးေသြးေၾကာေၾကာင့္ လႈပ္လႈပ္ရွားရွားလုပ္လိုက္တုိင္း ေမာလုိ႕ ေဆးခန္းသြားျပတဲ့အခါ ႏွလံုးေသြးေၾကာက်ဥ္းေနျပီလို႕ အေျဖထြက္တာနဲ႔ ဆရာဝန္က Stent ထည့္ျပီး ႏွလံုးေသြးေၾကာျပန္ခ်ဲ႔ဖုိ႕လိုေၾကာင္း ေျပာပါလိမ့္မယ္။ ဒီေတာ့ Stent ဆုိတာဘာလဲ၊ သူက ဘယ္လိုေကာင္းက်ိဳးေတြ ရွိလို႕လဲဆိုတဲ့အေၾကာင္း ဒီေဆာင္းပါးထဲမွာ ေျပာျပေပးမွာပါ။

Stent ဆိုတာ ဘာလဲ။

Stent ဆုိတာ သတၱဳ( ဒါမွမဟုတ္) ပလတ္စတစ္နဲ႕လုပ္ထားတဲ့ ေသးငယ္တဲ့ ပိုက္ေလးတစ္ေခ်ာင္းပါ။ ပိတ္ေနတဲ့ ေသြးေၾကာေတြ ျပန္ပြင့္ဖို႕၊ က်ဥ္းေနတဲ့ ေသြးေၾကာေတြ ျပန္က်ယ္ေစဖုိ႕ ဒီ Stent ေလးထည့္ျပီး ပံုမွန္ေသြးလည္ပတ္မႈ ရေအာင္လုပ္လို႕ရပါတယ္။ ေသြးေၾကာၾကီးေတြအတြက္ေတာ့ specialized fabric နဲ႔ျပဳလုပ္ထားတဲ့ Stent-grafts ေတြ ထည့္ရပါတယ္။

ဘယ္လိုလူေတြက stent ထည့္ဖုိ႕ လိုအပ္သလဲ။

Stent ထည့္တာက ႏွလံုးေသြးေၾကာမပိတ္ေအာင္ တစ္ခုတည္းအတြက္ သံုးလို႕ရတာလား။

ႏွလံုးေသြးေၾကာက်ဥ္းတာ ပိတ္တာအတြက္ stent ထည့္ျပီးကုသတာအျပင္ stent က
  • Aortic Aneurysm ( ႏွလံုးပင္မေသြးေၾကာေဖာင္းျခင္း) brain Aneurysm ( ဦးေႏွာက္ေသြးေၾကာေဖာင္းျခင္း) စတဲ့ ေသြးေၾကာေဖာင္းေတြ မေပါက္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။
  • သည္းေျခလမ္းေၾကာင္းပိတ္သြားတာ၊ ေလျပြန္က်ဥ္းေနတာနဲ႔ ဆီးလမ္းေၾကာင္းပိတ္သြားတာ စတဲ့ ျပႆနာေတြမွာလည္း stent ထည့္ျပီး ပံုမွန္လမ္းေၾကာင္းျပန္ရေအာင္ လုပ္လို႔ရပါေသးတယ္။

ႏွလံုးေသြးေၾကာက်ဥ္းေနလို႕ Stent ထည့္ကုသမႈ ခံယူေတာ့မယ္ဆိုရင္ လူနာေတြဘက္က ဘာေတြ ျပင္ဆင္ထားဖို႕လိုအပ္လဲ။

ဒီလို ျပင္ဆင္တဲ့ေနရာမွာ ကိုယ္ဘယ္ေနရာမွာ stent ထည့္မွာလဲ ဘယ္ေသြးေၾကာအတြက္ ဘယ္လမ္းေၾကာ္ငးအတြ္က ထည့္မွာလဲဆိုတာေပၚ မူတည္ျပီး ကြဲျပားမႈေတြ ရွိပါတယ္။ Stent ကို မ်ားေသာအားျဖင့္ ေသြးေၾကာေတြ အတြက္ပဲ သံုးၾကတာဆုိေတာ့ ေသြးေၾကာေတြထဲ stent မထည့္ခင္ လူနာဘက္က ျပင္ဆင္ထားဖုိ႕လိုတဲ့အခ်က္ေလးေတြ အေၾကာင္းေျပာျပေပးခ်င္ပါတယ္။
  • စြဲေသာက္ေနတဲ့ ေဆးေတြ အေၾကာင္း ဆရာဝန္ကို ေသခ်ာေျပာျပပါ။
  • ေသြးက်ဲေစတဲ့ ေဆးေတြျဖစ္တဲ့ aspirin, clopidogrel, ibuprofen, နဲ႕ naproxen တုိ႕ကို လံုးဝမေသာက္ပါနဲ႔။ ဆရာဝန္နဲ႔ ေသခ်ာတုိင္ပင္ပါ။
  • ေဆးလိပ္ေသာက္ေနတဲ့သူဆို ေဆးလိပ္ျဖတ္ပါ။

Stent တစ္ခုကို ဘယ္လိုထည့္လဲ။

ႏွလံုးေသြးေၾကာထဲ ပိုက္ထည့္ရမယ္ဆိုေတာ့ ခြဲစိတ္မႈ အၾကီၾကီးလုပ္ရမွာပဲလို႕ ထင္ေနၾကတဲ့သူေတြ ရွိမယ္ထင္ပါတယ္။ တကယ္ေတာ့ Stent ထည့္ျပီး ႏွလံုးေသြးေၾကာခ်ဲ႕တဲ့ ခြဲစိတ္မႈဟာ ခဲြစိတ္ရာ အၾကီးၾကီးမလိုဘဲ ေသးေသးေလးနဲ႔တင္ျပီးသြားတဲ့ ခြဲစိတ္မႈ တစ္ခုပါ။ ေပါင္ၾကား( ဒါမွမဟုတ္) လက္ေမာင္းအတြင္း တစ္ေနရာမွာ ခြဲစိတ္ရာေသးေသးေလးေပးျပီး ကင္မရာတပ္ဆင္ထားတဲ့ catheter ကေနတစ္ဆင့္ လိုခ်င္တဲ့ေနရာေရာက္ေအာင္ Stent ကို ထည့္ေလ့ရွိပါတယ္။ ဒီလိုထည့္ေနခ်ိန္ ေသြးေၾကာေတြကို ပိုျပီးျမင္သာေစဖို႕အတြက္ ဆရာဝန္ကေန angiogram လို႕ေခၚတဲ့ ေသြးေၾကာတြင္းေဆးရည္ထုိးသြင္းပံုရိပ္ေဖာ္ျခင္းနည္းပညာကို သံုးမွွာ ျဖစ္ပါတယ္။ ဒီလို နည္းပညာေတြကိုသံုးျပီး ပ်က္စီးေနတဲ့ေသြးေၾကာေနရာကို သိမယ္၊ အဲဒီေနရာေရာက္ေအာင္ stent ထည့္ျပီး ျပဳျပင္ေပးမယ္၊ ျပီးရင္ stent ကလြဲျပီး က်န္တာေတြအားလံုးကို ျပန္ထုတ္၊ ခဲြစိတ္ရာကို ျပန္ခ်ဳပ္မွွာ ျဖစ္ပါတယ္။

Stent ထည့္တဲ့ ကိစၥမွာေရာ ေနာက္ဆက္တြဲ ျပႆနာေတြ ရွိေသးလား။

သူကလည္းခြဲစိတ္မႈ တစ္ခုျဖစ္တာေၾကာင့္ ေနာက္ဆက္တြဲ ျပႆနာေလးေတြ ရွိပါတယ္။ ျဖစ္ႏုိင္တဲ့ ေနာက္ဆက္တြဲ ျပႆနာေတြကေတာ့
  • ေသြးေၾကာေတြကို ပံုရိပ္ေဖာ္တဲ့ေနရာမွာသံုးတဲ့ ေဆးရည္ေတြနဲ႔ ဓာတ္မတည့္တာ
  • ေမ့ေဆးေပးခြဲစိတ္ရတာျဖစ္တာေၾကာင့္ ေမ့ေဆးရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ
  • ေသြးေၾကာကို ခြဲစိတ္ရာမွာျဖစ္တာေၾကာင့္ ေသြးထြက္လြန္တဲ ့ျပႆနာေတြ
  • ေသြးထြက္ရာကေန ေသြးခဲေလးေတြျဖစ္သြားႏုိင္တာေတြ
  • Stent က အျခားေသြးေၾကာတစ္ခုအေပၚ သြားပိမိျပီး ေသြးေၾကာပိတ္သြားႏုိ္င္တာေတြ
  • အသစ္ဝင္လာတဲ့ stent ကို ခုခံအားက ျပန္တုိက္လို႕ ေသြးေၾကာေတြ ေရာင္ျပီး က်ဥ္းလာတာမ်ိဳးေတြ
  • ေလျပြန္ထဲ stent ထည့္တဲ့ ကိစၥေတြမွာဆို အသက္ရွဴရခက္တာေတြ
  • ေက်ာက္ကပ္ထဲ stent ထည့္တဲ့ျပႆနာေတြမွာဆို ေက်ာက္တည္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

Stent ထည့္ျပီးေနာက္ပိုင္း ဘာေတြဆက္ျဖစ္ႏုိင္ေသးလဲ။

  • ခြဲထားတဲ့ အရာေလးကေန နာက်င္မႈ အနည္းငယ္ခံစားရမယ္။ အဲဒီအတြက္ ဆရာဝန္ေတြက ေဆးေပးမွာ ျဖစ္ပါတယ္။
  • ေသြးခဲတာမ်ိဳးေတြ မျဖစ္ေအာင္လို႕ ေသြးက်ဲေဆးေတြလည္း ေသာက္ရပါလိမ့္မယ္။
  • ႏွလံုးေသြးေၾကာပိတ္တာ ေလျဖတ္တာမ်ိဳးေတြ ေၾကာင့္ stent ထည့္ရရင္ေတာ့ စိတ္ခ်ရေအာင္ ေဆးရံုမွာ ရက္အနည္းငယ္ေနဖို႕ လိုပါလိမ့္မယ္။
  • ေနာက္ျပီး ေသြးေၾကာက်ဥ္းတာ ေသြးတြင္းအဆီမ်ားတာမ်ိဳးေတြ ထပ္မျဖစ္ေအာင္လ္ို႔ ကိုယ့္ရဲ႕ ေနထုိင္စားေသာက္မႈ ပံုစံေတြကို ေျပာင္းလဲဖုိ႕လိုအပ္ပါလိမ့္မယ္ ။ ။
ေရးသားသူ Dr. Thin Yadanar @ Frances ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024