Home
မြန်မာသတင်း
ကရင်နီလူငယ်များ ထောင်တွင်းဆန္ဒပြသဖြင့် တိုက်ပိတ်ခံရ
နော်နိုရင်း
·
September 24, 2019
မြေယာကိစ္စကြောင့် ထောင်တွင်းဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ တောင်သူတွေကို နိုင်ငံရေး အကျဉ်သားတွေနဲ့အတူထားပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်နေတာတွေကို ရပ်တန့်ပေးဖို့  ထောင်တွင်းဆန္ဒပြနေတယ်လို့ ကရင်နီလူငယ်တွေက ပြောပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ တရားစွဲခံထားရတဲ့ ကရင်နီ လူငယ် ၆ ဦးကို ဒီကနေ့ လွိုင်ကော်မြို့နယ်တရားရုံးမှာ ၁၃ ကြိမ်မြောက်ရုံးထုတ်ချိန်မှာ လူငယ်တွေက အခုလို ပြောဆိုလိုက်တာပါ။ ကရင်လူငယ် ဒီးဒီ(ခေါ်)စစ်မုန်းက “ကျနော်တို့ထောင်ထဲမှာ ဆန္ဒပြနေတယ်ပေါ့နော်။ အဓိကတော့ ကျနော်တို့ နိုင်ငံရေးသမားတွေကို စိတ်ပိုင်းဆိုင်ရာဖိနှိပ်နေတာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုထားတယ်။ နောက်ကျနော်တို့နဲ့ဘဝတူ ကျနော်တို့မိဘလို့လည်းပြောလို့ရတယ်။ ကိုယ့်မြေကိုယ့်ယာကိုတောင်းဆိုလို့ တရားစွဲဆိုခံရတဲ့တောင်သူတွေရှိတယ်။ သူတို့ကိုလည်း ကျနော်တို့နဲ့ အတူ၊ နိုင်ငံရေးအကျဉ်းသားကဲ့သို့ ထားရှိဖို့ တောင်းဆိုထားတာရှိတယ်။ နောက်တခုက ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရိုးရိုးတခြားအကျဉ်းသားတွေကို ရန်တိုက်ပေးနေတဲ့ပုံစံတွေရှိတယ်။ အဲဒါတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုထားတာရှိတယ်။ ” ဒီတောင်းဆိုချက်တွေကို ထောင်အာဏာပိုင်တွေအနေနဲ့ အထက်ကိုတင်ပြထားပြီး အဖြေကို မသိရသေးဘူးလို့ ပြောဆိုထားတယ်လို့လည်း ပြောပါတယ်။ ဒီလိုထောင်တွင်းဆန္ဒပြမှုကြောင့် မနေ့ကစပြီးသူတို့ကို ဧည့်တွေ့ခွင့်မပေးတော့သလို သူတို့ကိုထားတဲ့ တိုက်အတွင်းမှာသာထားရှိပြီး အပြင်ပေးမထွက်တော့ဘူးလို့လည်း ပြောပါတယ်။ “ထောင်တွင်းကတော့ သတင်းတွေတင်းကျပ်တာရှိတယ်။ ဧည့်တွေ့တွေကို ပိတ်တာရှိတယ်။ အခုလောလောဆယ်တော့ ကျနော်တို့ကို တိုက်ခန်းထဲမှာပိတ်ထားပြီးမှာ အပြင်ကို ပေးမထွက်တဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်။ ” ထောင်အာဏာပိုင်တွေက ဒီလိုလုပ်ဆောင်ပေမယ့်လည်း သူတို့အနေနဲ့ ဆက်လက်တောင်းဆိုသွားမယ်လို့လည်း ပြောပါတယ်။ ဒီလိုတောင်တွင်း ဆန္ဒပြမှုတွေလုပ်ဆောင်တဲ့အတွက် ဒီကနေ့ ရုံးထုတ်မှာ တရားရုံးအတွင်း လုံခြုံရေးအင်အားတိုးမြင့်ချထားခဲ့ပါတယ်။ ဒီကနေ့ ရုံးထုတ်မှာ တော့ စစ်မုန်း(ခ) ဒီးဒီနဲ့  ဂျွန်ပေါလ်တို့ကို စစ်ဆေးခဲ့ပါတယ်။  စစ်ဆေးရာမှာ ဒီးဒီ(ခ) စစ်မုန်းက “ကယားပြည်နယ် ဝန်ကြီးချုပ် အနေနဲ့ လူပုဂ္ဂိုလ်အမျိုးသမီးတဦးရဲ့ အရှိန်အဝါနဲ့ရာထူးရလာတာကို ဘဝင်မြင့်ပြီး တိုင်းရင်သား ဘိုးဘွားစဉ်ဆက်ရယူလာခဲ့တဲ့ ကရင်နီပြည်နဲ့ သမိုင်းကိုမခန့်လေးစားပြုလုပ်သလို အမျိုးသားဂုဏ် ဆက်လက် ရှင်သန်ရေးနည်းမျိုးစုံနဲ့ တိုက်ပွဲဝင်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ လူထုတွေကို မထီလေးစားပြုပြီး ဥပဒေကို လိုသလိုသုံးကာ တိုင်းရင်းသားလူမျိုးစုရဲ့အခွင့်အရေးကို ချိုးဖောက်နေတယ်”လို့ တရားရုံးအတွင်း ထွက်ဆိုသွားခဲ့ပါတယ်။ အလားတူ ဂျွန်ပေါလ်ကလည်း “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ မှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၃၅၄ အရ နိုင်ငံသားတိုင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊  ပြောဆိုရေးသားခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။ ဒီပြဋ္ဌာန်းချက်ကို အတည်ပြုပြီး မိမိတို့ဟာ ကြေညာစာတန်းကို လက်မှတ်ထိုးခဲ့တာဖြစ်ကြောင်းနဲ့ ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့က လေးစားခြင်းမရှိတဲ့အပြင် ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့တယ်”လို့ တရားရုံးမှာ ထွက်ဆိုသွားခဲ့ပါတယ်။ ကရင်နီလူငယ် ၆ ဦးစလုံးထွက်ဆိုခဲ့ပြီးဖြစ်လို့ လာမယ့်အပတ် ရုံးချိန်းတွေမှာတော့  တရားခံပြသက်သေတွေကို ဆက်လက်စစ်ဆေးဖို့ရှိနေပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာရာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲခဲ့တာပါ။ လူငယ် ၆ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးကဩဂုတ် ၂၆ ရက်က  ၉ ကြိမ်မြောက် ရုံးထုတ်မှာစွဲချက်တင်ခဲ့ပြီး တရားခံပြသက်တွေကို ဆက်လက်စစ်ဆေး နေတာဖြစ်ပါတယ်။
ကရင္နီလူငယ္မ်ား ေထာင္တြင္းဆႏၵျပသျဖင့္ တိုက္ပိတ္ခံရ ေနာ္ႏိုရင္း ေျမယာကိစၥေၾကာင့္ ေထာင္တြင္းဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ ေတာင္သူေတြကို ႏိုင္ငံေရး အက်ဥ္သားေတြနဲ႔အတူထားေပးဖို႔နဲ႔ ႏိုင္ငံေရးအက်ဥ္းသားေတြကို ဖိႏွိပ္ေနတာေတြကို ရပ္တန႔္ေပးဖို႔ ေထာင္တြင္းဆႏၵျပေနတယ္လို႔ ကရင္နီလူငယ္ေတြက ေျပာပါတယ္။ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒ ပုဒ္မ (၁၀) နဲ႔ တရားစြဲခံထားရတဲ့ ကရင္နီ လူငယ္ ၆ ဦးကို ဒီကေန႔ လြိဳင္ေကာ္ၿမိဳ႕နယ္တရား႐ုံးမွာ ၁၃ ႀကိမ္ေျမာက္႐ုံးထုတ္ခ်ိန္မွာ လူငယ္ေတြက အခုလို ေျပာဆိုလိုက္တာပါ။ ကရင္လူငယ္ ဒီးဒီ(ေခၚ)စစ္မုန္းက “က်ေနာ္တို႔ေထာင္ထဲမွာ ဆႏၵျပေနတယ္ေပါ့ေနာ္။ အဓိကေတာ့ က်ေနာ္တို႔ ႏိုင္ငံေရးသမားေတြကို စိတ္ပိုင္းဆိုင္ရာဖိႏွိပ္ေနတာေတြကို ရပ္တန႔္ေပးဖို႔ ေတာင္းဆိုထားတယ္။ ေနာက္က်ေနာ္တို႔နဲ႔ဘဝတူ က်ေနာ္တို႔မိဘလို႔လည္းေျပာလို႔ရတယ္။ ကိုယ့္ေျမကိုယ့္ယာကိုေတာင္းဆိုလို႔ တရားစြဲဆိုခံရတဲ့ေတာင္သူေတြရွိတယ္။ သူတို႔ကိုလည္း က်ေနာ္တို႔နဲ႔ အတူ၊ ႏိုင္ငံေရးအက်ဥ္းသားကဲ့သို႔ ထားရွိဖို႔ ေတာင္းဆိုထားတာရွိတယ္။ ေနာက္တခုက က်ေနာ္တို႔ ႏိုင္ငံေရးအက်ဥ္းသားေတြနဲ႔ ႐ိုး႐ိုးတျခားအက်ဥ္းသားေတြကို ရန္တိုက္ေပးေနတဲ့ပုံစံေတြရွိတယ္။ အဲဒါေတြကို ရပ္တန႔္ေပးဖို႔ ေတာင္းဆိုထားတာရွိတယ္။ ” ဒီေတာင္းဆိုခ်က္ေတြကို ေထာင္အာဏာပိုင္ေတြအေနနဲ႔ အထက္ကိုတင္ျပထားၿပီး အေျဖကို မသိရေသးဘူးလို႔ ေျပာဆိုထားတယ္လို႔လည္း ေျပာပါတယ္။ ဒီလိုေထာင္တြင္းဆႏၵျပမႈေၾကာင့္ မေန႔ကစၿပီးသူတို႔ကို ဧည့္ေတြ႕ခြင့္မေပးေတာ့သလို သူတို႔ကိုထားတဲ့ တိုက္အတြင္းမွာသာထားရွိၿပီး အျပင္ေပးမထြက္ေတာ့ဘူးလို႔လည္း ေျပာပါတယ္။ “ေထာင္တြင္းကေတာ့ သတင္းေတြတင္းက်ပ္တာရွိတယ္။ ဧည့္ေတြ႕ေတြကို ပိတ္တာရွိတယ္။ အခုေလာေလာဆယ္ေတာ့ က်ေနာ္တို႔ကို တိုက္ခန္းထဲမွာပိတ္ထားၿပီးမွာ အျပင္ကို ေပးမထြက္တဲ့ အေနအထားမွာ ရွိတယ္ေပါ့ေနာ္။ ” ေထာင္အာဏာပိုင္ေတြက ဒီလိုလုပ္ေဆာင္ေပမယ့္လည္း သူတို႔အေနနဲ႔ ဆက္လက္ေတာင္းဆိုသြားမယ္လို႔လည္း ေျပာပါတယ္။ ဒီလိုေတာင္တြင္း ဆႏၵျပမႈေတြလုပ္ေဆာင္တဲ့အတြက္ ဒီကေန႔ ႐ုံးထုတ္မွာ တရား႐ုံးအတြင္း လုံၿခဳံေရးအင္အားတိုးျမင့္ခ်ထားခဲ့ပါတယ္။ ဒီကေန႔ ႐ုံးထုတ္မွာ ေတာ့ စစ္မုန္း(ခ) ဒီးဒီနဲ႔ ဂြၽန္ေပါလ္တို႔ကို စစ္ေဆးခဲ့ပါတယ္။ စစ္ေဆးရာမွာ ဒီးဒီ(ခ) စစ္မုန္းက “ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ အေနနဲ႔ လူပုဂၢိဳလ္အမ်ိဳးသမီးတဦးရဲ႕ အရွိန္အဝါနဲ႔ရာထူးရလာတာကို ဘဝင္ျမင့္ၿပီး တိုင္းရင္သား ဘိုးဘြားစဥ္ဆက္ရယူလာခဲ့တဲ့ ကရင္နီျပည္နဲ႔ သမိုင္းကိုမခန႔္ေလးစားျပဳလုပ္သလို အမ်ိဳးသားဂုဏ္ ဆက္လက္ ရွင္သန္ေရးနည္းမ်ိဳးစုံနဲ႔ တိုက္ပြဲဝင္လာတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းနဲ႔ လူထုေတြကို မထီေလးစားျပဳၿပီး ဥပေဒကို လိုသလိုသုံးကာ တိုင္းရင္းသားလူမ်ိဳးစုရဲ႕အခြင့္အေရးကို ခ်ိဳးေဖာက္ေနတယ္”လို႔ တရား႐ုံးအတြင္း ထြက္ဆိုသြားခဲ့ပါတယ္။ အလားတူ ဂြၽန္ေပါလ္ကလည္း “၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း ၈ မွာ ျပ႒ာန္းထားတဲ့ ပုဒ္မ ၃၅၄ အရ ႏိုင္ငံသားတိုင္းလြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္နဲ႔ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးခြင့္၊ ေျပာဆိုေရးသားခြင့္ရွိေၾကာင္း ေဖာ္ျပထားပါတယ္။ ဒီျပ႒ာန္းခ်က္ကို အတည္ျပဳၿပီး မိမိတို႔ဟာ ေၾကညာစာတန္းကို လက္မွတ္ထိုးခဲ့တာျဖစ္ေၾကာင္းနဲ႔ ဝန္ႀကီးခ်ဳပ္နဲ႔ စီမံဘ႑ာဝန္ႀကီး ဦးေမာ္ေမာ္တို႔က ေလးစားျခင္းမရွိတဲ့အျပင္ ေျပာင္ေျပာင္တင္းတင္းခ်ိဳးေဖာက္ခဲ့တယ္”လို႔ တရား႐ုံးမွာ ထြက္ဆိုသြားခဲ့ပါတယ္။ ကရင္နီလူငယ္ ၆ ဦးစလုံးထြက္ဆိုခဲ့ၿပီးျဖစ္လို႔ လာမယ့္အပတ္ ႐ုံးခ်ိန္းေတြမွာေတာ့ တရားခံျပသက္ေသေတြကို ဆက္လက္စစ္ေဆးဖို႔ရွိေနပါတယ္။ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္စီမံ/ဘ႑ာဝန္ႀကီးနဲ႔ ေၾကး႐ုပ္ ျဖစ္ေျမာက္ေရး ေကာ္မတီတို႔ကို ႏိုင္ငံေရးရာဇဝတ္ေကာင္မ်ား၊ ကရင္နီအမ်ိဳးသားသစၥာေဖာက္ဆိုၿပီး ကရင္နီ လူငယ္ေတြက မတ္ ၂၅ ရက္က ထုတ္ျပန္ေၾကညာရာမွာ ပါဝင္လက္မွတ္ေရးထိုးခဲ့တဲ့အတြက္ လူငယ္ ၆ ဦးကို ျပည္နယ္အစိုးရက တရားစြဲခဲ့တာပါ။ လူငယ္ ၆ ဦးကို လြိဳင္ေကာ္ၿမိဳ႕နယ္ တရား႐ုံးကဩဂုတ္ ၂၆ ရက္က ၉ ႀကိမ္ေျမာက္ ႐ုံးထုတ္မွာစြဲခ်က္တင္ခဲ့ၿပီး တရားခံျပသက္ေတြကို ဆက္လက္စစ္ေဆး ေနတာျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024