ဦးဝီရသူ၏ ဘဏ်စာရင်းပိတ်သိမ်းရန် ဗဟိုဘဏ်နှင့် ရဲတပ်ဖွဲ့ညှိနှိုင်းနေ
ပြည့်ဘုန်းအောင်
·
September 24, 2019
အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားရေးဆရာတော် ဦးဝီရသူရဲ့ ဘဏ်စာရင်းတွေရှိပါက ပိတ်သိမ်းပေးဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဗဟိုဘဏ်နဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ စက်တင်ဘာ ၂၃ ရက် ရုံးချိန်းမှာ ရဲအုပ်ဇော်ဝေလွင်က ပြောပါတယ်။
ရဲတပ်ဖွဲ့က ဦးဝီရသူရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းဖို့ ဆောင်ရွက်ချက်ကို ဗဟိုဘဏ်က အကြောင်းတစုံတရာ မပြန်သေးတာကြောင့် ဘဏ်စာရင်း ရှိ/မရှိ အခြေအနေ မသိရသေးဘူးလို့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)ရဲ စခန်းမှူး ရဲအုပ်ဇော်ဝေလွင်က တင်ပြခဲ့ပြီး ဒီထွက်ဆိုချက်ကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး အမှုစစ် တရားသူကြီးက မှတ်တမ်းတင်ခဲ့ပါတယ်။
ဦးဝီရသူရဲ့ ဘဏ်စာရင်းနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ဗဟိုဘဏ်တို့ကြား ညှိနှိုင်းမှု အခြေအနေကို ပြန်လည်တင်ပြပေးဖို့တရားရုံးက ရဲတပ်ဖွဲ့ကို အောက်တိုဘာ ၂၂ ရက်နေ့ ပြန်လည် ချိန်းဆိုထားပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးဝီရသူကို တရားရုံးမှာ လာရောက်ဖြေရှင်းဖို့ ကြေညာထားပေမယ့် လာရောက်ခြင်း မရှိတာကြောင့် ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်မှာ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ချိပ်ပိတ်ဝရမ်းကပ်ဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ထားတာပါ။
ဦးဝီရသူဟာ နိုင်ငံတော် အကြီးအကဲတွေအပေါ် မဖွယ်မရာ စကားလုံးတွေ သုံးနှုန်း ပြောဆိုတာနဲ့ နိုင်ငံတော်တရားရေးနဲ့ အုပ်ချုပ်ရေး စတဲ့ကဏ္ဍတွေက တာဝန်ရှိသူတွေအပေါ် အကြည်ညိုပျက်အောင် ဟောပြောချက်တွေကြောင့် ရန်ကုန်အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားတာပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဦးဝီရသူ၏ ဘဏ္စာရင္းပိတ္သိမ္းရန္ ဗဟိုဘဏ္ႏွင့္ ရဲတပ္ဖြဲ႕ညႇိႏႈိင္းေန
အဖမ္းမခံဘဲ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ အမ်ိဳးသားေရးဆရာေတာ္ ဦးဝီရသူရဲ႕ ဘဏ္စာရင္းေတြရွိပါက ပိတ္သိမ္းေပးဖို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ဗဟိုဘဏ္နဲ႔ ညႇိႏႈိင္းေဆြးေႏြးေနတယ္လို႔ စက္တင္ဘာ ၂၃ ရက္ ႐ုံးခ်ိန္းမွာ ရဲအုပ္ေဇာ္ေဝလြင္က ေျပာပါတယ္။
ရဲတပ္ဖြဲ႕က ဦးဝီရသူရဲ႕ ဘဏ္အေကာင့္ေတြ ပိတ္သိမ္းဖို႔ ေဆာင္႐ြက္ခ်က္ကို ဗဟိုဘဏ္က အေၾကာင္းတစုံတရာ မျပန္ေသးတာေၾကာင့္ ဘဏ္စာရင္း ရွိ/မရွိ အေျခအေန မသိရေသးဘူးလို႔ မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ အမွတ္(၇)ရဲ စခန္းမႉး ရဲအုပ္ေဇာ္ေဝလြင္က တင္ျပခဲ့ၿပီး ဒီထြက္ဆိုခ်က္ကို ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား႐ုံး အမႈစစ္ တရားသူႀကီးက မွတ္တမ္းတင္ခဲ့ပါတယ္။
ဦးဝီရသူရဲ႕ ဘဏ္စာရင္းနဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕နဲ႔ဗဟိုဘဏ္တို႔ၾကား ညႇိႏႈိင္းမႈ အေျခအေနကို ျပန္လည္တင္ျပေပးဖို႔တရား႐ုံးက ရဲတပ္ဖြဲ႕ကို ေအာက္တိုဘာ ၂၂ ရက္ေန႔ ျပန္လည္ ခ်ိန္းဆိုထားပါတယ္။
ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ဦးဝီရသူကို တရား႐ုံးမွာ လာေရာက္ေျဖရွင္းဖို႔ ေၾကညာထားေပမယ့္ လာေရာက္ျခင္း မရွိတာေၾကာင့္ ၿပီးခဲ့တဲ့ ၾသဂုတ္ ၉ ရက္မွာ သူပိုင္ဆိုင္တဲ့ ပစၥည္းေတြကို ခ်ိပ္ပိတ္ဝရမ္းကပ္ဖို႔ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက အမိန႔္ခ်မွတ္ထားတာပါ။
ဦးဝီရသူဟာ ႏိုင္ငံေတာ္ အႀကီးအကဲေတြအေပၚ မဖြယ္မရာ စကားလုံးေတြ သုံးႏႈန္း ေျပာဆိုတာနဲ႔ ႏိုင္ငံေတာ္တရားေရးနဲ႔ အုပ္ခ်ဳပ္ေရး စတဲ့က႑ေတြက တာဝန္ရွိသူေတြအေပၚ အၾကည္ညိဳပ်က္ေအာင္ ေဟာေျပာခ်က္ေတြေၾကာင့္ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ ဒုအေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစန္းမင္းက တရားလိုျပဳလုပ္ၿပီး တရားစြဲဆိုထားတာပါ။