Home
မြန်မာသတင်း
ရဲရွာရေအားလျှပ်စစ်စီမံကိန်းကိစ္စ တိုင်ကြားလာသဖြင့် လျှပ်စစ်ဝန်ကြီးဌာနအား စစ်ဆေးခြင်းဖြစ်ဟု ကော်မရှင်ပြော
DVB
·
September 21, 2019
ရဲရွာရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားတဲ့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို စုံစမ်းစစ်ဆေးနေခြင်းဖြစ်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ လျှပ်စစ်ဝန်ကြီးနှင့် ဒုဝန်ကြီးတို့အပေါ် စစ်ဆေးနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က အခုလို ရှင်းလင်းပြောဆိုလိုက်တာပါ။ “လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို စစ်ဆေးနေခြင်း မဟုတ်ပါဘူး။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဋ္ဌာနရဲ့ လက်အောက်မှာရှိတဲ့ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၃) ရေအားလျှပ်စစ် ရဲရွာရေအားလျှပ်စစ် စီမံကိန်းရဲ့ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ စီမံကိန်းလုပ်ငန်းဆောင်ရွက်ချက်ကို စစ်ဆေးနေတာဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းနဲ့ ပတ်သက်တာဖြစ်တဲ့အတွက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးနေရတဲ့ အနေအထားဖြစ်ပါတယ်။ ဆောင်ရွက်နေဆဲဖြစ်ပါတယ်” လို့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေဆိုခဲ့တာပါ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အဓိကတာဝန်ရှိသူ ဝန်ကြီး၊ ဒုဝန်ကြီးရဲ့ ဘဏ်စာရင်းတွေနဲ့ မိသားစုဘဏ်စာရင်းတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်ဆေးတွေ့ရှိချက်တွေကိုတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ နိုင်ငံတော်သမ္မတထံ ပေးပို့တင်ပြထားပြီးဖြစ်တယ်လို့ ကော်မရှင်တာဝန်ရှိသူက ပြောဆိုထားပါတယ်။ အောင်ဆန်းဦး ====================== ရဲ႐ြာေရအားလွ်ပ္စစ္စီမံကိန္းကိစၥ တိုင္ၾကားလာသျဖင့္ လွ်ပ္စစ္ဝန္ႀကီးဌာနအား စစ္ေဆးျခင္းျဖစ္ဟု ေကာ္မရွင္ေျပာ DVB ရဲ႐ြာေရအားလွ်ပ္စစ္ စီမံကိန္း လုပ္ငန္းစဥ္နဲ႔ပတ္သက္ၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ထံ တိုင္ၾကားတဲ့အတြက္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနကို စုံစမ္းစစ္ေဆးေနျခင္းျဖစ္တယ္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က ေျပာဆိုလိုက္ပါတယ္။ စက္တင္ဘာ ၂၁ ရက္က ေနျပည္ေတာ္ရွိ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္႐ုံးမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာၾကားခဲ့တာပါ။ လွ်ပ္စစ္ဝန္ႀကီးႏွင့္ ဒုဝန္ႀကီးတို႔အေပၚ စစ္ေဆးေနတဲ့ အေျခအေနနဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြရဲ႕ ေမးျမန္းခ်က္အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္႐ုံး စစ္ေဆးေရးမႉးခ်ဳပ္ ဦးသန႔္ေဇာ္က အခုလို ရွင္းလင္းေျပာဆိုလိုက္တာပါ။ “လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနကို စစ္ေဆးေနျခင္း မဟုတ္ပါဘူး။ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီး႒ာနရဲ႕ လက္ေအာက္မွာရွိတဲ့ ေရအားလွ်ပ္စစ္ အေကာင္အထည္ေဖာ္ေရး ဦးစီးဌာန အမွတ္(၃) ေရအားလွ်ပ္စစ္ ရဲ႐ြာေရအားလွ်ပ္စစ္ စီမံကိန္းရဲ႕ လုပ္ငန္းခြင္နဲ႔ ပတ္သက္တဲ့ စီမံကိန္းလုပ္ငန္းေဆာင္႐ြက္ခ်က္ကို စစ္ေဆးေနတာျဖစ္ပါတယ္။ စီမံကိန္းလုပ္ငန္းနဲ႔ ပတ္သက္တာျဖစ္တဲ့အတြက္ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနနဲ႔ ပတ္သက္တဲ့ စာ႐ြက္စာတမ္းေတြကို စစ္ေဆးေနရတဲ့ အေနအထားျဖစ္ပါတယ္။ ေဆာင္႐ြက္ေနဆဲျဖစ္ပါတယ္” လို႔ ေမးျမန္းမႈအေပၚ ျပန္လည္ေျဖဆိုခဲ့တာပါ။ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္အေနနဲ႔ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန အဓိကတာဝန္ရွိသူ ဝန္ႀကီး၊ ဒုဝန္ႀကီးရဲ႕ ဘဏ္စာရင္းေတြနဲ႔ မိသားစုဘဏ္စာရင္းေတြကို စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။ အဲဒီစစ္ေဆးေတြ႕ရွိခ်က္ေတြကိုေတာ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္အေနနဲ႔ ႏိုင္ငံေတာ္သမၼတထံ ေပးပို႔တင္ျပထားၿပီးျဖစ္တယ္လို႔ ေကာ္မရွင္တာဝန္ရွိသူက ေျပာဆိုထားပါတယ္။ ေအာင္ဆန္းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024