Home
မြန်မာသတင်း
ပန်းမြောင်းတိုက်ပွဲတွင် တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
DVB
·
September 16, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်အကြား ပန်းမြောင်းအရှေ့ဘက်နဲ့ ဒိုင်းသားကျေးရွာ တောင်တန်းပေါ်မှာ  တပ်မတော်က ဒီကနေ့ မွန်းလွဲ ၂ နာရီကျော်လောက်က ဂျက်တိုက်လေယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၁ စီးတို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ ပန်းမြောင်းနဲ့ ၂ မိုင်အကွာအဝေး ဒိုင်းသားကျေးရွာ ဘုန်းကြီးတောင်တန်းတလျှောက် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ဒီမနက်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာ တပ်မတော်က လေကြောင်းကနေ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ရွာသားတွေက ဒီဗွီဘီကိုပြောပါတယ်။ အမည်မဖော်လိုသူပန်းမြောင်းဒေသခံတဦးက “ပန်းမြောင်းအရှေ့ဖက်တောင်တန်း၊ ဒိုင်းသား ကြားတောင်း တဝိုက် ဒီကနေ့ ၁၀ နာရီလောက် မနက်ပိုင်းမှာတိုက်ပွဲဖြစ်ပါတယ်။ သိပ်မကြာဘူး။ နေ့လယ် ၂ နာရီခွဲမှာ စစ်တွေဘက်လာတဲ့ ဂျက်ဖိုက်တာ ၂ နှစ်စီး ရဟတ်တစီးနဲ့ လာပြီးတာ့ အဲ့ဒီ တောင်တန်းတဝိုက်တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို လှည့်ပတ်ပြီးတော့ စက်သေနတ်တွေနဲ့ ပစ်တယ်။ ဗုံးသီးတွေနဲ့ ပစ်ချတယ်။ တစီးက ရှေ့ကသွားတယ်။ နောက်တစီးက လိုက်ပြီး ပစ်ချတယ်။ အဲ့ဒီလိုပစ်တာ မိနစ် ၂၀ ကြာတယ်။ ကျနော်တို့နဲ့သိပ် မဝေးဘူး။ အကုန်မြင်နေရတယ်” လို့ ပြောပါတယ်။ တပ်မတော်က တပ်မ ၅၅ လက်အောက်တပ်မနဲ့ ရက္ခိုင့်တပ်တော်အေအေတိုက်ပွဲဖြစ်တာ မှန်ကန်ကြောင်းနဲ့ တပ်မတော်ဘက်က  ရဟတ်ယာဉ် ၃ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ခိုင်သုခက ပြောဆိုပါတယ်။ “ဒီတိုက်ပွဲတွေ သူတို့ဘက်က အကျအဆုံးများတယ်။ ကစဉ့်ကလျားထွက်ပြေးသွားတယ်။ ကျနော်တို့ဘက်က လိုက်လံရှင်းလင်းတဲ့အခါမှာ ကျနော်တို့ဘက်က  အလောင်းသုံးလောင်းရတယ်။ ပြီးတော့ လက်နက်ခဲယမ်းမီးကျောက်တွေ သိမ်းဆည်းရမိတာရှိတယ်။ နေ့လယ် ၁ နာရီကျော်မှာ တော့ တိုက်ပွဲထပ်ဖြစ်တယ်။ အဲ့ဒီဖြစ်ပြီးနောက်ပိုင်းမှာတော့ စစ်တပ်ဘက်က  ရဟတ်ယာဉ် ၃ စီးနဲ့ လာရောက် တိုက်ခိုက်တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဒီကနေ့ နေ့လယ်ပိုင်း ၃ နာရီမှာတကြိမ်၊ ၄ နာရီမှာ တကြိမ်၊ ၄ နာရီ မိနစ် ၃၀ မှာ တကြိမ်တို့မှာ ဆက်သွယ်မေးမြန်းရာမှာတော့ အစည်းအဝေးလုပ်နေတဲ့အတွက် နောက်မှ ပြန်လည်ဆက်သွယ်ဖို့ ပြောဆိုခဲ့ပါတယ်။ မနက်ဖြန် စက်တင်ဘာ ၁၇ ရက်မှာ အစိုးရငြိမ်းချမ်းရေး ကော်မရှင်၊ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ကိုးကန့်၊ တီအန်အယ်လ်အေ၊ အေအေ၊ ကေအိုင်အေတို့ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့လုပ်နေအချိန်မှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခုရက်ပိုင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာပါ။ သတင်း-ဝဏ္ဏခွာညို
ပန္းေျမာင္းတိုက္ပြဲတြင္ တပ္မေတာ္က ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္အၾကား ပန္းေျမာင္းအေရွ႕ဘက္နဲ႔ ဒိုင္းသားေက်း႐ြာ ေတာင္တန္းေပၚမွာ တပ္မေတာ္က ဒီကေန႔ မြန္းလြဲ ၂ နာရီေက်ာ္ေလာက္က ဂ်က္တိုက္ေလယာဥ္ ၂ စီး၊ ရဟတ္ယာဥ္ ၁ စီးတို႔နဲ႔ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေနရာေတြကို ဗုံးႀကဲတိုက္ခိုက္ေနတယ္လို႔ မ်က္ျမင္ေဒသခံေတြက ေျပာပါတယ္။ ပန္းေျမာင္းနဲ႔ ၂ မိုင္အကြာအေဝး ဒိုင္းသားေက်း႐ြာ ဘုန္းႀကီးေတာင္တန္းတေလွ်ာက္ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအတို႔ ဒီမနက္ကတိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္မွာ တပ္မေတာ္က ေလေၾကာင္းကေန လာေရာက္ဗုံးႀကဲ တိုက္ခိုက္ခဲ့တာလို႔ ႐ြာသားေတြက ဒီဗြီဘီကိုေျပာပါတယ္။ အမည္မေဖာ္လိုသူပန္းေျမာင္းေဒသခံတဦးက “ပန္းေျမာင္းအေရွ႕ဖက္ေတာင္တန္း၊ ဒိုင္းသား ၾကားေတာင္း တဝိုက္ ဒီကေန႔ ၁၀ နာရီေလာက္ မနက္ပိုင္းမွာတိုက္ပြဲျဖစ္ပါတယ္။ သိပ္မၾကာဘူး။ ေန႔လယ္ ၂ နာရီခြဲမွာ စစ္ေတြဘက္လာတဲ့ ဂ်က္ဖိုက္တာ ၂ ႏွစ္စီး ရဟတ္တစီးနဲ႔ လာၿပီးတာ့ အဲ့ဒီ ေတာင္တန္းတဝိုက္တိုက္ပြဲျဖစ္ေနတဲ့ ေနရာေတြကို လွည့္ပတ္ၿပီးေတာ့ စက္ေသနတ္ေတြနဲ႔ ပစ္တယ္။ ဗုံးသီးေတြနဲ႔ ပစ္ခ်တယ္။ တစီးက ေရွ႕ကသြားတယ္။ ေနာက္တစီးက လိုက္ၿပီး ပစ္ခ်တယ္။ အဲ့ဒီလိုပစ္တာ မိနစ္ ၂၀ ၾကာတယ္။ က်ေနာ္တို႔နဲ႔သိပ္ မေဝးဘူး။ အကုန္ျမင္ေနရတယ္” လို႔ ေျပာပါတယ္။ တပ္မေတာ္က တပ္မ ၅၅ လက္ေအာက္တပ္မနဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအတိုက္ပြဲျဖစ္တာ မွန္ကန္ေၾကာင္းနဲ႔ တပ္မေတာ္ဘက္က ရဟတ္ယာဥ္ ၃ စီးနဲ႔ လာေရာက္ဗုံးႀကဲတိုက္ခိုက္ခဲ့တာလို႔ ခိုင္သုခက ေျပာဆိုပါတယ္။ “ဒီတိုက္ပြဲေတြ သူတို႔ဘက္က အက်အဆုံးမ်ားတယ္။ ကစဥ့္ကလ်ားထြက္ေျပးသြားတယ္။ က်ေနာ္တို႔ဘက္က လိုက္လံရွင္းလင္းတဲ့အခါမွာ က်ေနာ္တို႔ဘက္က အေလာင္းသုံးေလာင္းရတယ္။ ၿပီးေတာ့ လက္နက္ခဲယမ္းမီးေက်ာက္ေတြ သိမ္းဆည္းရမိတာရွိတယ္။ ေန႔လယ္ ၁ နာရီေက်ာ္မွာ ေတာ့ တိုက္ပြဲထပ္ျဖစ္တယ္။ အဲ့ဒီျဖစ္ၿပီးေနာက္ပိုင္းမွာေတာ့ စစ္တပ္ဘက္က ရဟတ္ယာဥ္ ၃ စီးနဲ႔ လာေရာက္ တိုက္ခိုက္တယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ဒီကေန႔ ေန႔လယ္ပိုင္း ၃ နာရီမွာတႀကိမ္၊ ၄ နာရီမွာ တႀကိမ္၊ ၄ နာရီ မိနစ္ ၃၀ မွာ တႀကိမ္တို႔မွာ ဆက္သြယ္ေမးျမန္းရာမွာေတာ့ အစည္းအေဝးလုပ္ေနတဲ့အတြက္ ေနာက္မွ ျပန္လည္ဆက္သြယ္ဖို႔ ေျပာဆိုခဲ့ပါတယ္။ မနက္ျဖန္ စက္တင္ဘာ ၁၇ ရက္မွာ အစိုးရၿငိမ္းခ်မ္းေရး ေကာ္မရွင္၊ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္ ကိုးကန႔္၊ တီအန္အယ္လ္ေအ၊ ေအေအ၊ ေကအိုင္ေအတို႔ က်ိဳင္းတုံၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးဖို႔လုပ္ေနအခ်ိန္မွာပဲ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ အခုရက္ပိုင္း တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအတို႔ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားေနတာပါ။ သတင္း-ဝဏၰခြာညိဳ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024