ပြင်ဦးလွင်မြို့တွင် အငှားယာဉ်အား ကျောက်ခဲကိုင် ခြိမ်းခြောက်လုယက်မှု ဖြစ်ပွား
DVB
·
September 14, 2019
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ အငှားယာဉ်တစီးအား ခရီးသည်တဦးက ကျောက်ခဲကိုင် ခြိမ်းခြောက်လုယက်မှု ဖြစ်ပွားခဲ့ပြီး လုယက်သူအား ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၇ နာရီခွဲလောက်က မန္တလေးချယ်ရီမြေအငှားယာဉ်ကားဂိတ်မှာ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက်နေ ဦးခင်မောင်ထွေး (၄၄) နှစ်ဟာ ယာဉ်ပြေးဆွဲဖို့စောင့်ဆိုင်းနေစဉ် ပြင်ဦးလွင်မြို့ကိုသွားဖို့ ငွေ ၂၀,၀၀၀ ကျပ်နဲ့ စည်သူလွင်ဆိုသူက ငှားရမ်းလိုက်ပို့ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
2D/×××× Mark II ယာဉ်နဲ့ တင်ဆောင်မောင်းနှင်လာစဉ် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး ယာဉ်အား ရပ်ခိုင်းလို့ ရပ်ပေးခဲ့ပြီးနောက် စည်သူလွင်က လမ်းဘေးရှိ ကျောက်ခဲအား ကောက်ယူပြီး ဦးခင်မောင်ထွေးရဲ့ကားသော့အား ခြိမ်းခြောက်တောင်းဆိုခဲ့လို့ ကားတံခါးအား တွန်းဖွင့်လိုက် စည်သူလွင်ဟာ ကားတံခါးနှင့်တိုက်မိပြီး လဲကျသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် ဦးခင်မောင်ထွေးက အော်ဟစ်အကူအညီတောင်းခံခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်တွေက လူတွေရောက်ရှိလာပြီး စည်သူလွင်အား ဝိုင်းဝန်းလုံးထွေးဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။
ဦးခင်မောင်ထွေးက တိုင်တန်းတာကြောင့် စည်သူလွင်အား ပြင်စာနယ်မြေရဲစခန်း က (ပ)၂၂၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ (ခြောက်လှန့်တောင်းယူမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
~~~~~~~~~~~~~~~~~~~~
Zawgyi-version
ျပင္ဦးလြင္ၿမိဳ႕တြင္ အငွားယာဥ္အား ေက်ာက္ခဲကိုင္ ၿခိမ္းေျခာက္လုယက္မႈ ျဖစ္ပြား
မႏၲေလးတိုင္း ျပင္ဦးလြင္ၿမိဳ႕မွာ အငွားယာဥ္တစီးအား ခရီးသည္တဦးက ေက်ာက္ခဲကိုင္ ၿခိမ္းေျခာက္လုယက္မႈ ျဖစ္ပြားခဲ့ၿပီး လုယက္သူအား ဝိုင္းဝန္းဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။
စက္တင္ဘာလ ၁၄ ရက္ေန႔ မနက္ ၇ နာရီခြဲေလာက္က မႏၲေလးခ်ယ္ရီေျမအငွားယာဥ္ကားဂိတ္မွာ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမရဌာနီ အေရွ႕ရပ္ကြက္ေန ဦးခင္ေမာင္ေထြး (၄၄) ႏွစ္ဟာ ယာဥ္ေျပးဆြဲဖို႔ေစာင့္ဆိုင္းေနစဥ္ ျပင္ဦးလြင္ၿမိဳ႕ကိုသြားဖို႔ ေငြ ၂၀,၀၀၀ က်ပ္နဲ႔ စည္သူလြင္ဆိုသူက ငွားရမ္းလိုက္ပို႔ခိုင္းခဲ့တယ္လို႔ ဆိုပါတယ္။
2D/×××× Mark II ယာဥ္နဲ႔ တင္ေဆာင္ေမာင္းႏွင္လာစဥ္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ျပင္စာေက်း႐ြာအနီး ယာဥ္အား ရပ္ခိုင္းလို႔ ရပ္ေပးခဲ့ၿပီးေနာက္ စည္သူလြင္က လမ္းေဘးရွိ ေက်ာက္ခဲအား ေကာက္ယူၿပီး ဦးခင္ေမာင္ေထြးရဲ႕ကားေသာ့အား ၿခိမ္းေျခာက္ေတာင္းဆိုခဲ့လို႔ ကားတံခါးအား တြန္းဖြင့္လိုက္ စည္သူလြင္ဟာ ကားတံခါးႏွင့္တိုက္မိၿပီး လဲက်သြားခဲ့တယ္လို႔ ဆိုပါတယ္။
ဒီေနာက္ ဦးခင္ေမာင္ေထြးက ေအာ္ဟစ္အကူအညီေတာင္းခံခဲ့ရာ အနီးပတ္ဝန္းက်င္ရွိ ေဈးဆိုင္ေတြက လူေတြေရာက္ရွိလာၿပီး စည္သူလြင္အား ဝိုင္းဝန္းလုံးေထြးဖမ္းဆီးခဲ့တယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပထားပါတယ္။
ဦးခင္ေမာင္ေထြးက တိုင္တန္းတာေၾကာင့္ စည္သူလြင္အား ျပင္စာနယ္ေျမရဲစခန္း က (ပ)၂၂၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၆ (ေျခာက္လွန႔္ေတာင္းယူမႈ) နဲ႔ အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။