တာချီလိတ်တွင် စိတ်ကြွဆေးပြား ၁ သိန်းနှင့် တူးမီးသေနတ် ၁ လက် ဖမ်းမိ
DVB
·
September 14, 2019
ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ စိတ်ကြွဆေးပြား ၁ သိန်းနဲ့ တူမီးသေနတ် ၁ လက် သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့နယ်၊ တာလေမြို့အထွက် တိုးဂိတ်အနီးမှာ ကျဘိုရှီး မောင်းနှင်လာတဲ့ 9E/×××× Vigo ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ ဆာလာအိတ်အတွင်းမှ ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၁ သိန်းနဲ့ အရှည် ၅ ပေလောက်ရှိ တူမီးသေနတ် ၁ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။
ကျဘိုရှီးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
==================
တာခ်ီလိတ္တြင္ စိတ္ႂကြေဆးျပား ၁ သိန္းႏွင့္ တူးမီးေသနတ္ ၁ လက္ ဖမ္းမိ
DVB
ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕နယ္မွာ စိတ္ႂကြေဆးျပား ၁ သိန္းနဲ႔ တူမီးေသနတ္ ၁ လက္ သိမ္းဆည္းရမိတယ္လို႔ သိရပါတယ္။
စက္တင္ဘာ ၁၃ ရက္ေန႔ ညေန ၅ နာရီခြဲေလာက္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္ေတြဟာ တာခ်ီလိတ္ၿမိဳ႕နယ္၊ တာေလၿမိဳ႕အထြက္ တိုးဂိတ္အနီးမွာ က်ဘိုရွီး ေမာင္းႏွင္လာတဲ့ 9E/×××× Vigo ယာဥ္အား ရပ္တန႔္စစ္ေဆးရာမွ ဖမ္းဆီးမိခဲ့တာလို႔ ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။
ယာဥ္ေနာက္ခန္းထိုင္ခုံေပၚရွိ ဆာလာအိတ္အတြင္းမွ ကပ္ခြာအိတ္နဲ႔ ထည့္ထားတဲ့ WY စိတ္ႂကြေဆးျပား ၁ သိန္းနဲ႔ အရွည္ ၅ ေပေလာက္ရွိ တူမီးေသနတ္ ၁ လက္တို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့တာပါ။
က်ဘိုရွီးအား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားတယ္လို႔ သိရပါတယ္။