Home
မြန်မာသတင်း
ဝန်ကြီးဌာနနှင့်အစိုးရအဖွဲ့များ တင်ပြခဲ့သည့်ငွေထဲမှ ကျပ်ဘီလီယံ ၄၀၀ ကျော် ဖြတ်တောက်
နေဖြိုးဝင်း
·
September 13, 2019
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့အစည်းတွေ တင်ပြတောင်းခံငွေ ကျပ်ဘီလီယံ ၃၂၀၀ ကျော်ထဲက ကျပ်ဘီလီယံ ၄၀၀ ကျော်ဖြတ်တောက်ဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြလိုက်ပါတယ်။ မနေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းရဲ့ ဥပဒေအကြောင်းအရာတွေ၊ ရသုံးငွေတွေနဲ့ပတ်သက်ပြီး တပိုဒ်ချင်းစီအလိုက် အတည်ပြုခဲ့ပြီး အခုလို ဖြတ်တောက်လိုက်တာပါ။ "ဘီလီယံ ၄၀၀ ကျော်လောက် ဖြတ်လိုက်ပါတယ်။ ငွေလုံးငွေရင်းရော၊ သာမန်ရော စုစုပေါင်း ဘီလီယံ ၄၀၀ ကျော် လောက်ပါ။ မူလတင်ထားတာက ဘီလီယံ ၃၂၀၀၀ ကျော်ပါ။ အဲ့ထဲက ၄၀၀ ကျော်ကိုဖြတ်တာပ။" လို့ ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ် အခုလိုအသုံးစရိတ်တွေတောင်းခံလာတဲ့အပေါ် စိစစ်ဖြတ်တောက်ပြီး ခွင့်ပြုပေမယ့် နှစ်စဉ် ဘီလီယံ ၂၀၀၀ လောက်က သတ်မှတ်ကာလအတွင်း သုံးစွဲနိုင်မှုမရှိတဲ့အတွက် ပြန်လည်အပ်နှံနေရတယ်လို့လည်း ဆိုပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းတောင်းခံငွေမှာ ကျပ် ၃၂၃၃၉၉၂၃ ဒသမ ၅၃၇ ဘီလီယံဖြစ်ပါတယ်။ အခုလို တောင်းခံလာတဲ့အထဲကနေ ဘဏ္ဍာနှစ်အတွင်း တကယ်သုံးနိုင်တဲ့ အသုံးစရိတ်ဖြစ်ရမှာဖြစ်သလို ပိုပြီးတောင်းခံထားတဲ့ အသုံးစရိတ်တွေကိုပဲ စိစစ်ဖြတ်တောက်ထားတာလို့ ပြောပါတယ်။
ဝန္ႀကီးဌာနႏွင့္အစိုးရအဖြဲ႕မ်ား တင္ျပခဲ့သည့္ေငြထဲမွ က်ပ္ဘီလီယံ ၄၀၀ ေက်ာ္ ျဖတ္ေတာက္ ေနၿဖိဳးဝင္း ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ ဝန္ႀကီးဌာနနဲ႔ အစိုးရအဖြဲ႕အစည္းေတြ တင္ျပေတာင္းခံေငြ က်ပ္ဘီလီယံ ၃၂၀၀ ေက်ာ္ထဲက က်ပ္ဘီလီယံ ၄၀၀ ေက်ာ္ျဖတ္ေတာက္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပလိုက္ပါတယ္။ မေန႔က ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ၂၀၁၉-၂၀ ဘ႑ာႏွစ္ ျပည္ေထာင္စုရဲ႕ ဘ႑ာေငြအရအသုံးဆိုင္ရာဥပေဒၾကမ္းရဲ႕ ဥပေဒအေၾကာင္းအရာေတြ၊ ရသုံးေငြေတြနဲ႔ပတ္သက္ၿပီး တပိုဒ္ခ်င္းစီအလိုက္ အတည္ျပဳခဲ့ၿပီး အခုလို ျဖတ္ေတာက္လိုက္တာပါ။ "ဘီလီယံ ၄၀၀ ေက်ာ္ေလာက္ ျဖတ္လိုက္ပါတယ္။ ေငြလုံးေငြရင္းေရာ၊ သာမန္ေရာ စုစုေပါင္း ဘီလီယံ ၄၀၀ ေက်ာ္ ေလာက္ပါ။ မူလတင္ထားတာက ဘီလီယံ ၃၂၀၀၀ ေက်ာ္ပါ။ အဲ့ထဲက ၄၀၀ ေက်ာ္ကိုျဖတ္တာပ။" လို႔ ျပည္သူ႔ေငြစာရင္းပူး ေပါင္းေကာ္မတီ ဒုတိယဥကၠ႒ ဦးေအာင္မင္းက ေျပာပါတယ္။ အခုလိုအသုံးစရိတ္ေတြေတာင္းခံလာတဲ့အေပၚ စိစစ္ျဖတ္ေတာက္ၿပီး ခြင့္ျပဳေပမယ့္ ႏွစ္စဥ္ ဘီလီယံ ၂၀၀၀ ေလာက္က သတ္မွတ္ကာလအတြင္း သုံးစြဲႏိုင္မႈမရွိတဲ့အတြက္ ျပန္လည္အပ္ႏွံေနရတယ္လို႔လည္း ဆိုပါတယ္။ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ စုစုေပါင္းေတာင္းခံေငြမွာ က်ပ္ ၃၂၃၃၉၉၂၃ ဒသမ ၅၃၇ ဘီလီယံျဖစ္ပါတယ္။ အခုလို ေတာင္းခံလာတဲ့အထဲကေန ဘ႑ာႏွစ္အတြင္း တကယ္သုံးႏိုင္တဲ့ အသုံးစရိတ္ျဖစ္ရမွာျဖစ္သလို ပိုၿပီးေတာင္းခံထားတဲ့ အသုံးစရိတ္ေတြကိုပဲ စိစစ္ျဖတ္ေတာက္ထားတာလို႔ ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024