ကမ္ဘာ့အကြောအဆစ်ကုပညာနေ့ မြန်မာနိုင်ငံ ဆရာဝန်အသင်းတွင် ကျင်းပ (ဓာတ်ပုံ)
သူဇာလင်း
·
September 8, 2019
ကမ္ဘာ့အကြောအဆစ်ကုပညာနေ့ အခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံဆရာဝန်အသင်းမှာ ကျင်းပခဲ့ပါတယ်။
ကမ္ဘာ့အကြောအဆစ်ကု ပညာအသင်းကြီးကိုတော့ ၁၉၅၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ စတင်ဖွဲ့စည်းတဲ့ အထိမ်းအမှတ်အဖြစ် ၁၉၉၆ ခုနှစ်ကစပြီး နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့မှာ ကမ္ဘာ့အကြောအဆစ်ကုပညာနေ့ အခမ်းအနားတွေကို ကျင်းပခဲ့တာလို့ သိရပါတယ်။
ကမ္ဘာ့အကြောအဆစ်ကုပညာနေ့ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂၁ နိုင်ငံမှာ ကျင်းပနေကြတာလည်းဖြစ်ပါတယ်။
ပြည်သူတွေရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးအတွက် လမ်းညွှန်ပြသတာတွေနဲ့ အကြောအဆစ်နဲ့ မသန်စွမ်းမှုဆိုင်ရာတွေနဲ့ သက်ဆိုင်တဲ့ အသိပညာပေးတာတွေ လုပ်ဆောင်နိုင်ဖို့အတွက် ကမ္ဘာ့အကြောအဆစ်ကုပညာနေ့ အခမ်းအနားတွေကို ကျင်းပတာပါ။
~~~~~~~~~~~~~~~~~~~~
Zawgyi_version
ကမာၻ႔အေၾကာအဆစ္ကုပညာေန႔ ျမန္မာႏိုင္ငံ ဆရာဝန္အသင္းတြင္ က်င္းပ (ဓာတ္ပုံ)
ကမာၻ႔အေၾကာအဆစ္ကုပညာေန႔ အခမ္းအနားကို စက္တင္ဘာလ ၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ျမန္မာႏိုင္ငံဆရာဝန္အသင္းမွာ က်င္းပခဲ့ပါတယ္။
ကမာၻ႔အေၾကာအဆစ္ကု ပညာအသင္းႀကီးကိုေတာ့ ၁၉၅၁ ခုႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့တာပါ။ စတင္ဖြဲ႕စည္းတဲ့ အထိမ္းအမွတ္အျဖစ္ ၁၉၉၆ ခုႏွစ္ကစၿပီး ႏွစ္စဥ္ စက္တင္ဘာလ ၈ ရက္ေန႔မွာ ကမာၻ႔အေၾကာအဆစ္ကုပညာေန႔ အခမ္းအနားေတြကို က်င္းပခဲ့တာလို႔ သိရပါတယ္။
ကမာၻ႔အေၾကာအဆစ္ကုပညာေန႔ကို ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း ၁၂၁ ႏိုင္ငံမွာ က်င္းပေနၾကတာလည္းျဖစ္ပါတယ္။
ျပည္သူေတြရဲ႕ ေန႔စဥ္လႈပ္ရွားသြားလာမႈနဲ႔ သက္ဆိုင္တဲ့ က်န္းမာေရးအတြက္ လမ္းၫႊန္ျပသတာေတြနဲ႔ အေၾကာအဆစ္နဲ႔ မသန္စြမ္းမႈဆိုင္ရာေတြနဲ႔ သက္ဆိုင္တဲ့ အသိပညာေပးတာေတြ လုပ္ေဆာင္ႏိုင္ဖို႔အတြက္ ကမာၻ႔အေၾကာအဆစ္ကုပညာေန႔ အခမ္းအနားေတြကို က်င္းပတာပါ။