Home
ဆောင်းပါး
ထိုင်းဥပဒေအရ သေဒဏ်ကို ဘယ်လို ကျင့်သုံးသလဲ
နန်းမြနဒီ
·
September 6, 2019
ထိုင်းနိုင်ငံမှာ ဥပဒေကသတ်မှတ်ထားတဲ့ အမြင့်ဆုံးပြစ်မှုကျူးလွန်သူတွေကို သေဒဏ်ချမှတ် လေ့ရှိပါတယ်။ သေဒဏ်ချမှတ်ခံရတဲ့ အမြင့်ဆုံးပြစ်မှုတွေထဲမှာ ဘုရင်မင်းမြတ်အားလုပ်ကြံခြင်း သို့မဟုတ် လုပ်ကြံရန်ကြံစည်ခြင်း၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်၏ရန်သူနှင့်သွားရောက်ပူးပေါင်းမှု၊ နိုင်ငံတော်၏ လျှို့ဝှက်ချက်အားသူလျှိုလုပ်သူ၊ လူသတ်မှု၊ အကြမ်းဖက်မှု၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပြီး ရာထူးအလွှဲသုံးစားပြုကာ ပြည်သူတို့အား နှိပ်စက်မှု၊ ဥစ္စာပစ္စည်းများအားသိမ်းယူမှု၊ အဆောက်အဦ များအား မီးရှို့မှု၊ သူတပါးအား အသက်ဆုံးရှုံးမှုဖြစ်စေသည့် မုဒိမ်းကျင့်မှု၊ အသက် ၁၅ နှစ်မပြည့် သေးသည့် ကလေးများအား ပြန်ပေးဆွဲမှု၊ သူတပါးအားအသက်ဆုံးရှုံးမှုဖြစ်စေသည့် လုယက်မှု၊ မူးယစ်ဆေးဝါးများ အားရောင်းချရန်အတွက် ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်းနှင့် ရောင်းချရန်အလို့ငှါ လက်ဝယ်သိမ်းဆည်းထားမှု အစရှိတဲ့ အပြစ်တွေ ပါဝင်ပါတယ်။ အဆိုပါပြစ်မှုတွေရဲ့ အလေးအနက်ပေါ်မူတည်ပြီး ကြီးလေးသောပြစ်မှုကျူးလွန်က သက်ဆိုင်ရာ ခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။ ခရိုင်တရားရုံးက သေဒဏ်ချမှတ်ပြီး တဲ့အခါ တရားခံဟာ ဗဟိုတရားရုံးချုပ်ကို ဆက်လက်အယူခံခွင့်ရှိပြီး သူ့ကိုအတွက် အယူခံဝင် ပေးမယ့်ဆွေမျိုး၊ အဖွဲ့အစည်းတွေမရှိပါက ခရိုင်တရားရေးဌာနက အယူခံတင်ပေးရပါတယ်။ ဗဟိုတရားရုံးချုပ်က အမှုတွဲကိုပြန်လည်စစ်ဆေးပြီး မူလသေဒဏ်ကိုပဲ ပြန်လည်အတည်ပြု ဆုံးဖြတ်လိုက်ပြီဆိုပါက နောက်ဆုံးဆင့်အနေနဲ့ နိုင်ငံ့ဥသျှောင်ထိုင်း ဘုရင်မင်းမြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားနိုင်ပါတယ်။ အဆိုပါ လွှတ်ငြိမ်းချမ်းသာခွင့်ကို ရက်ပေါင်း ၆၀ အတွင်း လျှောက်ထားရမှာဖြစ်ပြီး (၁) ကြိမ်တည်းသာ လျှောက်ထားခွင့်ရှိပါတယ်။ အဆိုပါလွှတ်ငြိမ်းချမ်းသာခွင့်ကို ဘုရင်မင်းမြတ်ထံ တိုက်ရိုက်လျှောက်ထားရမှာမဟုတ်ဘဲ တရားရေးဝန်ကြီးဌာနကနေတဆင့်သာ လျှောက်ထားရမှာ ဖြစ်ပါတယ်။ တရားရေးဝန်ကြီးက အသနားခံစာကို စစ်ဆေးပြီး ဘုရင့်ထံ လွှတ်ငြိမ်းချမ်းသာခွင့် လျှောက်လွှာတင်သွင်းပေးတဲ့ နေ့ရက်ကစ ရက်ပေါင်း ၆၀ အတွင်း တရားခံကို ကွပ်မျက်လို့ မရသေးပါဘူး။ ဘုရင်မင်းမြတ်က သနားတော်မူပြီး သေဒဏ်မှလွှတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တယ်ဆိုရင် ပြစ်ဒဏ်ရဲ့ သုံးပုံတစ်ပုံ (တစ်သက်တစ်ကျွန်း) ဒါမှမဟုတ် ပြစ်ဒဏ်ရဲ့ နှစ်ပုံတစ်ပုံ (ထောင်ဒဏ် အနှစ် ၅၀ ) ထိ လျှော့ချပေးခြင်းခံရပါမယ်။ တရားခံဟာ အကယ်၍ လွှတ်ငြိမ်းချမ်းသာခွင့်လည်း မတောင်းဆို၊ တောင်းဆိုသော်လည်း ဘုရင်ကြီးက ခွင့်မလွှတ်ပါက ဗဟိုတရားရုံးမှ သေဒဏ်ချမှတ်လိုက်တဲ့ နေ့ရက်ကစပြီး ရက်ပေါင်း ၆၀ ပြည့်တဲ့ခါ ကွပ်မျက်ခြင်းခံရမှာ ဖြစ်ပါတယ်။ ဗဟိုတရားရုံးက သေဒဏ်ချမှတ်ပြီးနောက် အမှုဖြစ်ပွါးရာ ခရိုင်တရားရုံးက အဆိုပါ တရားခံရဲ့ အမှုပြီးပြတ်ကြောင်း စာထုတ်ရပါမယ်၊ အဆိုပါစာကို တရားခံအား ချုပ်နှောင်ထားတဲ့ အကျဉ်းထောင် ထောင်မှူးကြီးဆီ ပို့ဆောင်ရမှာ ဖြစ်ပါတယ်။ အကျဉ်းထောင်ကလည်းချုပ်နှောင်ခြင်း ပြီးဆုံးကြောင်း စာထုတ်ရပါတယ်။ ဒါပေမဲ့ တရားခံကို ချက်ချင်း  ကွပ်မျက်လို့မရဘဲ ရက်ပေါင်း ၆၀ အတွင်း လွှတ်ငြိမ်းချမ်းသာခွင့်မတင်ဘူးဆိုမှ ကွပ်မျက်ရမှာဖြစ်ပါတယ်။ (တရားခံကို အများအားဖြင့် ဘန်ခွမ်အကျဉ်းထောင်မှာပဲ ကွပ်မျက်လေ့ရှိပါတယ်) တရားခံကို ကွပ်မျက်ဖို့အတွက် အထူးကော်မတီတရပ်ဖွဲ့စည်းပြီးပြီး အဲဒီထဲမှာ ထောင်မှူးကြီး၊ အကျဉ်းသားဆရာဝန်၊ ဘန်ခွမ်ခရိုင်ဝန် စတဲ့အကြီးအကဲတွေ ပါဝင်ပါတယ်။ အဆိုပါကော်မတီမှ ကွပ်မျက်မယ့်နေရာအနေအထား၊ ပစ္စည်းကရိယာ၊ ကွပ်မျက်ခံရသူ မှားယွင်းမှုမရှိအောင် ကိုယ်ရေးအချက်အလက် အမှုတွဲ၊ နဂိုအမှုတွဲမှ လက်ဗွေရာနဲ့ ကွပ်မျက်ခံရသူ လက်ဗွေတူညီမှုရှိမရှိတွေပါ ထပ်မံစစ်ဆေးရပါမယ်။ တရားခံကို အဆုံးစီရင်ရာမှာ ရှေးဘုရင်များခေတ်က ခေါင်းဖြတ်သတ်ခြင်း၊ တိရစ္ဆာန်များနဲ့ ကိုက်သတ်စေခြင်း၊ ဆီပူအိုးနဲ့လောင်းချခြင်း၊ ဓာတ်ဆီဆွတ်ထားတဲ့အဝတ်နဲ့ ကိုယ်မှာပတ်ပြီး မီးရှို့ခြင်း အစရှိသောနည်းအမျိုးမျိုးနဲ့ ကွပ်မျက်ပေမယ့် နောက်ပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခြင်း၊ ဆေးထိုးသတ်ခြင်းတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ သေနတ်ပစ်ပြီးကွပ်မျက်တဲ့ စနစ်ကို ၂၀၀၃ ခုနှစ်အထိ ကျင့်သုံးခဲ့ပြီး အဲဒီကစ ဆေးထိုးပြီးကွပ်မျက်တဲ့စနစ် ပြောင်းလဲခဲ့ပါတယ်။ ဆေးထိုးကွပ်မျက်စနစ် ကျင့်သုံးအပြီး ၉ နှစ်အတွင်း နောက်ဆုံးအကြိမ် ကွပ်မျက်ခံရသူက တော့ ထိုင်းတောင်ပိုင်း တရန်းခရိုင်က အသက် ၁၉ နှစ်အရွယ် နိုင်းမိတ့် လုန်ကျစ်ဆိုသူ လူရွယ်တဦးဖြစ်ပါတယ်။ သူဟာ အလယ်တန်း ကျောင်းသားလေး တယောက်ကို ဓားနဲ့ ၂၅ ချက်ထိုး သတ်ပြီး တယ်လီဖုုန်း လုယူသွားတဲ့အမှု ထင်ရှားတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ကွပ်မျက်ခြင်း ခံခဲ့ရတာပါ။ တရားခံတွေကို မကွပ်မျက်မီ မိသားစုများအား နောက်ဆုံးအကြိမ်ဆက်သွယ်စကားပြောခွင့်၊ သေတမ်းစာရေး သားခွင့်ပြုပါတယ်။ အဲဒီနောက် ဗုဒ္ဓဘာသာဖြစ်ပါက သံဃာတော်ပင့်ဖိတ်ပြီး သရဏဂုံတင်ပေးကာ အခြား ဘာသာဝင်များဖြစ်ပါက သက်ဆိုင်ရာသာသနာထုံးစံအတိုင်း ဆုတောင်းခြင်းများပြုလုပ်ပါတယ်၊ အဲဒီနောက် အကျဉ်းဦးစီးဌာန တာဝန်ရှိသူမှ ပြန်တမ်းကိုဖတ်ပါတယ်။ တရားခံများအားကွပ်မျက်ခြင်းကို ညနေ ၆ နာရီမှာ ပြုလုပ်လေ့ရှိပါတယ်။ ဆေးထိုးကွပ်မျက်ခြင်းမှာ ပထမဆင့် အိပ်ဆေးပေးခြင်း၊ ဒုတိယဆင့် အကြောဖြေဆေးပေးခြင်း၊ တတိယဆင့် အဆိပ်ပါသောနှလုံးသွေးကြောရပ်စေတဲ့ ဆေးပေးခြင်းတွေ ဖြစ်ပါတယ်။ ပါးကွက်အာဏာသား ၃ ဦးရှိပြီး တဦးလျှင် ဆေးတမျိုးစီကိုင်ရပါတယ်။ အဆိုပါဆေးတွေ ဟာ ဘယ်သူက ဘာဆေးကိုင်တယ်ဆိုတာ မသိရပါဘူး (ဒီလုပ်လုပ်တာဟာ ပါးကွက်သားတွေ အနေနဲ့ မိမိလက်ချက်ကြောင့် တပါးသူသေဆုံးရတယ်ဆိုတဲ့ စိတ်ခံစားချက်မျိုး မရရှိအောင်လို့ လုပ်ရတာလို့ ဆိုပါတယ်) ပထမဆုံးကွပ်မျက်မယ့်သူကို ခြေလက်တွေမလှုပ်နိုင်အောင် (ရုန်းကန်ခြင်းမရှိအောင်) ကြိုးနဲ့ ခုတင်ကို နှောင်တည်းထားပါတယ်။ အဲဒီနောက် ဂလူးဂို့စ်သွင်းတဲ့ပုံနဲ့ ဆေးကိုသွင်းထည့်တာပါ။ ကွပ်မျက်ခြင်းပြီးဆုံးပါက အမှန်တကယ်သေဆုံးခြင်းရှိမရှိ အကျဉ်းထောင်ဆရာဝန်က လာရောက်စစ်ဆေးပြီး ၁၂ နာရီ ထိန်းသိမ်းပြီးမှ အသုဘအခမ်းအနားလုပ်ဖို့ သက်ဆိုင်ရာဆွေမျိုးကို အလောင်းအပ်နှံပါတယ်။ အလောင်းလာယူမယ့် ဆွေမျိုးမရှိက အကျဉ်းဦးစီးဌာနကဘဲ မီးသဂြိုဟ်ပေးလိုက်ပါတယ်။ မှတ်ချက် - သေဒဏ်ချမှတ်ခံရသူဟာ အသက် ၁၈ နှစ်အောက်ဆိုရင်တော့ တသက်တကျွန်း သို့မဟုတ် ထောင်ဒဏ် နှစ် ၅၀ ထိ လျော့ပေးပါတယ်။ သေဒဏ်ချမှတ်ခံရသူဟာ ကိုယ်ဝန်ရှိပါက မီးဖွားပြီး သူမရင်သွေး အသက် ၃ နှစ်ပြည့်မှ ကွပ်မျက်ရပါမယ်။ သေဒဏ်ချမှတ်ခံရသူဟာ စိတ်မနှံ့သူ/စိတ်ဝေဒနာရပါက ဝေဒနာကုသပြီးမှ ကွပ်မျက်ရ ပါမယ်။ ထိုင်းအကျဉ်းဦးစီးဌာနဝက်ပ်ဆိုက်တွင် ဖော်ပြသော စာရင်းဇယားတွေအရ ၂၀၁၉ ခုနှစ်တွင်း အောက်ခြေတရားရုံးမှ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၅၅၉ ဦး (ကျား ၄၇၀ + မ ၈၉) ရှိပါတယ်။ အဲဒီထဲမှာ ဒုတိယတရားရုံးချုပ်သို့ အယူခံတင်ထားသူ ၂၆၆ ဦးရှိပြီး အမြင့်ဆုံး ဗဟို တရားရုံးချုပ်သို့ အယူခံတင်ထားသူ ၃၅ ဦးရှိကာ တရားရုံးချုပ်မှ အပြီးသတ် သေဒဏ်စီရင်ချက် ချလိုက်သူ ၂၅၈ ဦးရှိပါတယ်။ (အဆိုပါ ၂၅၈ ဦးမှာ ဘုရင်ထံ လွတ်ငြိမ်းချမ်းသာခွင့် တောင်းထားသူတွေရော/ မတောင်းရသေးသူတွေပါ ပါဝင်ပါတယ်။ အခုလို တရားခံများအား ကွပ်မျက်ခြင်းကို ကမ္ဘာ့နိုင်ငံအတော်များများက ကြီးစွာသော လူ့အခွင့်အရေးချိုးဖောက်မှုလို့ သတ်မှတ်ပြီး သေဒဏ်ရုတ်သိမ်းခဲ့ကြပါတယ်။  ဝီကီပီးဒီးယားဖော်ပြချက်အရ ကမ္ဘာမှာ သေဒဏ်ပေးပြီးကွပ်မျက်တဲ့ စနစ်ကျင့်သုံးနေတဲ့ နိုင်ငံပေါင်း  ၅၈ နိုင်ငံသာ ကျန်ရှိပါတယ်။ ထိုင်းနိုင်ငံမှာလည်း သေဒဏ်ပေးပြီး ကွပ်မျက်တဲ့စနစ်ရုပ်သိမ်းဖို့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေက တစိုက်မတ်မတ် တောင်းဆိုလျက်ရှိပါတယ်။   ကိုးကား -  ဝီကီပီးဒီးယား ၊ ilaw.or.th / AMARIN TVHD သတင်း/ ထိုင်းနိုင်ငံအကျဉ်းဦးစီးဌာနဝက်ဘ်ဆိုက်
ထိုင္းဥပေဒအရ ေသဒဏ္ကို ဘယ္လို က်င့္သုံးသလဲ နန္းျမနဒီ ထိုင္းႏိုင္ငံမွာ ဥပေဒကသတ္မွတ္ထားတဲ့ အျမင့္ဆုံးျပစ္မႈက်ဴးလြန္သူေတြကို ေသဒဏ္ခ်မွတ္ ေလ့ရွိပါတယ္။ ေသဒဏ္ခ်မွတ္ခံရတဲ့ အျမင့္ဆုံးျပစ္မႈေတြထဲမွာ ဘုရင္မင္းျမတ္အားလုပ္ႀကံျခင္း သို႔မဟုတ္ လုပ္ႀကံရန္ႀကံစည္ျခင္း၊ ႏိုင္ငံေတာ္ပုန္ကန္မႈ၊ ႏိုင္ငံေတာ္၏ရန္သူႏွင့္သြားေရာက္ပူးေပါင္းမႈ၊ ႏိုင္ငံေတာ္၏ လွ်ိဳ႕ဝွက္ခ်က္အားသူလွ်ိဳလုပ္သူ၊ လူသတ္မႈ၊ အၾကမ္းဖက္မႈ၊ ႏိုင္ငံ့ဝန္ထမ္းျဖစ္ၿပီး ရာထူးအလႊဲသုံးစားျပဳကာ ျပည္သူတို႔အား ႏွိပ္စက္မႈ၊ ဥစၥာပစၥည္းမ်ားအားသိမ္းယူမႈ၊ အေဆာက္အဦ မ်ားအား မီးရႈိ႕မႈ၊ သူတပါးအား အသက္ဆုံးရႈံးမႈျဖစ္ေစသည့္ မုဒိမ္းက်င့္မႈ၊ အသက္ ၁၅ ႏွစ္မျပည့္ ေသးသည့္ ကေလးမ်ားအား ျပန္ေပးဆြဲမႈ၊ သူတပါးအားအသက္ဆုံးရႈံးမႈျဖစ္ေစသည့္ လုယက္မႈ၊ မူးယစ္ေဆးဝါးမ်ား အားေရာင္းခ်ရန္အတြက္ ထုတ္လုပ္ျခင္း၊ တင္သြင္းျခင္း၊ တင္ပို႔ျခင္းႏွင့္ ေရာင္းခ်ရန္အလို႔ငွါ လက္ဝယ္သိမ္းဆည္းထားမႈ အစရွိတဲ့ အျပစ္ေတြ ပါဝင္ပါတယ္။ အဆိုပါျပစ္မႈေတြရဲ႕ အေလးအနက္ေပၚမူတည္ၿပီး ႀကီးေလးေသာျပစ္မႈက်ဴးလြန္က သက္ဆိုင္ရာ ခ႐ိုင္တရား႐ုံးက ေသဒဏ္ခ်မွတ္လိုက္ပါတယ္။ ခ႐ိုင္တရား႐ုံးက ေသဒဏ္ခ်မွတ္ၿပီး တဲ့အခါ တရားခံဟာ ဗဟိုတရား႐ုံးခ်ဳပ္ကို ဆက္လက္အယူခံခြင့္ရွိၿပီး သူ႔ကိုအတြက္ အယူခံဝင္ ေပးမယ့္ေဆြမ်ိဳး၊ အဖြဲ႕အစည္းေတြမရွိပါက ခ႐ိုင္တရားေရးဌာနက အယူခံတင္ေပးရပါတယ္။ ဗဟိုတရား႐ုံးခ်ဳပ္က အမႈတြဲကိုျပန္လည္စစ္ေဆးၿပီး မူလေသဒဏ္ကိုပဲ ျပန္လည္အတည္ျပဳ ဆုံးျဖတ္လိုက္ၿပီဆိုပါက ေနာက္ဆုံးဆင့္အေနနဲ႔ ႏိုင္ငံ့ဥေသွ်ာင္ထိုင္း ဘုရင္မင္းျမတ္ထံ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေလွ်ာက္ထားႏိုင္ပါတယ္။ အဆိုပါ လႊတ္ၿငိမ္းခ်မ္းသာခြင့္ကို ရက္ေပါင္း ၆၀ အတြင္း ေလွ်ာက္ထားရမွာျဖစ္ၿပီး (၁) ႀကိမ္တည္းသာ ေလွ်ာက္ထားခြင့္ရွိပါတယ္။ အဆိုပါလႊတ္ၿငိမ္းခ်မ္းသာခြင့္ကို ဘုရင္မင္းျမတ္ထံ တိုက္႐ိုက္ေလွ်ာက္ထားရမွာမဟုတ္ဘဲ တရားေရးဝန္ႀကီးဌာနကေနတဆင့္သာ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ တရားေရးဝန္ႀကီးက အသနားခံစာကို စစ္ေဆးၿပီး ဘုရင့္ထံ လႊတ္ၿငိမ္းခ်မ္းသာခြင့္ ေလွ်ာက္လႊာတင္သြင္းေပးတဲ့ ေန႔ရက္ကစ ရက္ေပါင္း ၆၀ အတြင္း တရားခံကို ကြပ္မ်က္လို႔ မရေသးပါဘူး။ ဘုရင္မင္းျမတ္က သနားေတာ္မူၿပီး ေသဒဏ္မွလႊတ္ၿငိမ္းခ်မ္းသာခြင့္ ျပဳလိုက္တယ္ဆိုရင္ ျပစ္ဒဏ္ရဲ႕ သုံးပုံတစ္ပုံ (တစ္သက္တစ္ကြၽန္း) ဒါမွမဟုတ္ ျပစ္ဒဏ္ရဲ႕ ႏွစ္ပုံတစ္ပုံ (ေထာင္ဒဏ္ အႏွစ္ ၅၀ ) ထိ ေလွ်ာ့ခ်ေပးျခင္းခံရပါမယ္။ တရားခံဟာ အကယ္၍ လႊတ္ၿငိမ္းခ်မ္းသာခြင့္လည္း မေတာင္းဆို၊ ေတာင္းဆိုေသာ္လည္း ဘုရင္ႀကီးက ခြင့္မလႊတ္ပါက ဗဟိုတရား႐ုံးမွ ေသဒဏ္ခ်မွတ္လိုက္တဲ့ ေန႔ရက္ကစၿပီး ရက္ေပါင္း ၆၀ ျပည့္တဲ့ခါ ကြပ္မ်က္ျခင္းခံရမွာ ျဖစ္ပါတယ္။ ဗဟိုတရား႐ုံးက ေသဒဏ္ခ်မွတ္ၿပီးေနာက္ အမႈျဖစ္ပြါးရာ ခ႐ိုင္တရား႐ုံးက အဆိုပါ တရားခံရဲ႕ အမႈၿပီးျပတ္ေၾကာင္း စာထုတ္ရပါမယ္၊ အဆိုပါစာကို တရားခံအား ခ်ဳပ္ေႏွာင္ထားတဲ့ အက်ဥ္းေထာင္ ေထာင္မႉးႀကီးဆီ ပို႔ေဆာင္ရမွာ ျဖစ္ပါတယ္။ အက်ဥ္းေထာင္ကလည္းခ်ဳပ္ေႏွာင္ျခင္း ၿပီးဆုံးေၾကာင္း စာထုတ္ရပါတယ္။ ဒါေပမဲ့ တရားခံကို ခ်က္ခ်င္း  ကြပ္မ်က္လို႔မရဘဲ ရက္ေပါင္း ၆၀ အတြင္း လႊတ္ၿငိမ္းခ်မ္းသာခြင့္မတင္ဘူးဆိုမွ ကြပ္မ်က္ရမွာျဖစ္ပါတယ္။ (တရားခံကို အမ်ားအားျဖင့္ ဘန္ခြမ္အက်ဥ္းေထာင္မွာပဲ ကြပ္မ်က္ေလ့ရွိပါတယ္) တရားခံကို ကြပ္မ်က္ဖို႔အတြက္ အထူးေကာ္မတီတရပ္ဖြဲ႕စည္းၿပီးၿပီး အဲဒီထဲမွာ ေထာင္မႉးႀကီး၊ အက်ဥ္းသားဆရာဝန္၊ ဘန္ခြမ္ခ႐ိုင္ဝန္ စတဲ့အႀကီးအကဲေတြ ပါဝင္ပါတယ္။ အဆိုပါေကာ္မတီမွ ကြပ္မ်က္မယ့္ေနရာအေနအထား၊ ပစၥည္းကရိယာ၊ ကြပ္မ်က္ခံရသူ မွားယြင္းမႈမရွိေအာင္ ကိုယ္ေရးအခ်က္အလက္ အမႈတြဲ၊ နဂိုအမႈတြဲမွ လက္ေဗြရာနဲ႔ ကြပ္မ်က္ခံရသူ လက္ေဗြတူညီမႈရွိမရွိေတြပါ ထပ္မံစစ္ေဆးရပါမယ္။ တရားခံကို အဆုံးစီရင္ရာမွာ ေရွးဘုရင္မ်ားေခတ္က ေခါင္းျဖတ္သတ္ျခင္း၊ တိရစာၦန္မ်ားနဲ႔ ကိုက္သတ္ေစျခင္း၊ ဆီပူအိုးနဲ႔ေလာင္းခ်ျခင္း၊ ဓာတ္ဆီဆြတ္ထားတဲ့အဝတ္နဲ႔ ကိုယ္မွာပတ္ၿပီး မီးရႈိ႕ျခင္း အစရွိေသာနည္းအမ်ိဳးမ်ိဳးနဲ႔ ကြပ္မ်က္ေပမယ့္ ေနာက္ပိုင္းမွာ ေသနတ္နဲ႔ပစ္သတ္ျခင္း၊ ေဆးထိုးသတ္ျခင္းေတြအျဖစ္ ေျပာင္းလဲခဲ့ပါတယ္။ ထိုင္းႏိုင္ငံမွာ ေသနတ္ပစ္ၿပီးကြပ္မ်က္တဲ့ စနစ္ကို ၂၀၀၃ ခုႏွစ္အထိ က်င့္သုံးခဲ့ၿပီး အဲဒီကစ ေဆးထိုးၿပီးကြပ္မ်က္တဲ့စနစ္ ေျပာင္းလဲခဲ့ပါတယ္။ ေဆးထိုးကြပ္မ်က္စနစ္ က်င့္သုံးအၿပီး ၉ ႏွစ္အတြင္း ေနာက္ဆုံးအႀကိမ္ ကြပ္မ်က္ခံရသူက ေတာ့ ထိုင္းေတာင္ပိုင္း တရန္းခ႐ိုင္က အသက္ ၁၉ ႏွစ္အ႐ြယ္ ႏိုင္းမိတ့္ လုန္က်စ္ဆိုသူ လူ႐ြယ္တဦးျဖစ္ပါတယ္။ သူဟာ အလယ္တန္း ေက်ာင္းသားေလး တေယာက္ကို ဓားနဲ႔ ၂၅ ခ်က္ထိုး သတ္ၿပီး တယ္လီဖုုန္း လုယူသြားတဲ့အမႈ ထင္ရွားတာေၾကာင့္ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဇြန္လ ၁၈ ရက္ေန႔က ကြပ္မ်က္ျခင္း ခံခဲ့ရတာပါ။ တရားခံေတြကို မကြပ္မ်က္မီ မိသားစုမ်ားအား ေနာက္ဆုံးအႀကိမ္ဆက္သြယ္စကားေျပာခြင့္၊ ေသတမ္းစာေရး သားခြင့္ျပဳပါတယ္။ အဲဒီေနာက္ ဗုဒၶဘာသာျဖစ္ပါက သံဃာေတာ္ပင့္ဖိတ္ၿပီး သရဏဂုံတင္ေပးကာ အျခား ဘာသာဝင္မ်ားျဖစ္ပါက သက္ဆိုင္ရာသာသနာထုံးစံအတိုင္း ဆုေတာင္းျခင္းမ်ားျပဳလုပ္ပါတယ္၊ အဲဒီေနာက္ အက်ဥ္းဦးစီးဌာန တာဝန္ရွိသူမွ ျပန္တမ္းကိုဖတ္ပါတယ္။ တရားခံမ်ားအားကြပ္မ်က္ျခင္းကို ညေန ၆ နာရီမွာ ျပဳလုပ္ေလ့ရွိပါတယ္။ ေဆးထိုးကြပ္မ်က္ျခင္းမွာ ပထမဆင့္ အိပ္ေဆးေပးျခင္း၊ ဒုတိယဆင့္ အေၾကာေျဖေဆးေပးျခင္း၊ တတိယဆင့္ အဆိပ္ပါေသာႏွလုံးေသြးေၾကာရပ္ေစတဲ့ ေဆးေပးျခင္းေတြ ျဖစ္ပါတယ္။ ပါးကြက္အာဏာသား ၃ ဦးရွိၿပီး တဦးလွ်င္ ေဆးတမ်ိဳးစီကိုင္ရပါတယ္။ အဆိုပါေဆးေတြ ဟာ ဘယ္သူက ဘာေဆးကိုင္တယ္ဆိုတာ မသိရပါဘူး (ဒီလုပ္လုပ္တာဟာ ပါးကြက္သားေတြ အေနနဲ႔ မိမိလက္ခ်က္ေၾကာင့္ တပါးသူေသဆုံးရတယ္ဆိုတဲ့ စိတ္ခံစားခ်က္မ်ိဳး မရရွိေအာင္လို႔ လုပ္ရတာလို႔ ဆိုပါတယ္) ပထမဆုံးကြပ္မ်က္မယ့္သူကို ေျခလက္ေတြမလႈပ္ႏိုင္ေအာင္ (႐ုန္းကန္ျခင္းမရွိေအာင္) ႀကိဳးနဲ႔ ခုတင္ကို ေႏွာင္တည္းထားပါတယ္။ အဲဒီေနာက္ ဂလူးဂို႔စ္သြင္းတဲ့ပုံနဲ႔ ေဆးကိုသြင္းထည့္တာပါ။ ကြပ္မ်က္ျခင္းၿပီးဆုံးပါက အမွန္တကယ္ေသဆုံးျခင္းရွိမရွိ အက်ဥ္းေထာင္ဆရာဝန္က လာေရာက္စစ္ေဆးၿပီး ၁၂ နာရီ ထိန္းသိမ္းၿပီးမွ အသုဘအခမ္းအနားလုပ္ဖို႔ သက္ဆိုင္ရာေဆြမ်ိဳးကို အေလာင္းအပ္ႏွံပါတယ္။ အေလာင္းလာယူမယ့္ ေဆြမ်ိဳးမရွိက အက်ဥ္းဦးစီးဌာနကဘဲ မီးသၿဂိဳဟ္ေပးလိုက္ပါတယ္။ မွတ္ခ်က္ - ေသဒဏ္ခ်မွတ္ခံရသူဟာ အသက္ ၁၈ ႏွစ္ေအာက္ဆိုရင္ေတာ့ တသက္တကြၽန္း သို႔မဟုတ္ ေထာင္ဒဏ္ ႏွစ္ ၅၀ ထိ ေလ်ာ့ေပးပါတယ္။ ေသဒဏ္ခ်မွတ္ခံရသူဟာ ကိုယ္ဝန္ရွိပါက မီးဖြားၿပီး သူမရင္ေသြး အသက္ ၃ ႏွစ္ျပည့္မွ ကြပ္မ်က္ရပါမယ္။ ေသဒဏ္ခ်မွတ္ခံရသူဟာ စိတ္မႏွံ႔သူ/စိတ္ေဝဒနာရပါက ေဝဒနာကုသၿပီးမွ ကြပ္မ်က္ရ ပါမယ္။ ထိုင္းအက်ဥ္းဦးစီးဌာနဝက္ပ္ဆိုက္တြင္ ေဖာ္ျပေသာ စာရင္းဇယားေတြအရ ၂၀၁၉ ခုႏွစ္တြင္း ေအာက္ေျခတရား႐ုံးမွ ေသဒဏ္ခ်မွတ္ခံထားရသူ စုစုေပါင္း ၅၅၉ ဦး (က်ား ၄၇၀ + မ ၈၉) ရွိပါတယ္။ အဲဒီထဲမွာ ဒုတိယတရား႐ုံးခ်ဳပ္သို႔ အယူခံတင္ထားသူ ၂၆၆ ဦးရွိၿပီး အျမင့္ဆုံး ဗဟို တရား႐ုံးခ်ဳပ္သို႔ အယူခံတင္ထားသူ ၃၅ ဦးရွိကာ တရား႐ုံးခ်ဳပ္မွ အၿပီးသတ္ ေသဒဏ္စီရင္ခ်က္ ခ်လိုက္သူ ၂၅၈ ဦးရွိပါတယ္။ (အဆိုပါ ၂၅၈ ဦးမွာ ဘုရင္ထံ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေတာင္းထားသူေတြေရာ/ မေတာင္းရေသးသူေတြပါ ပါဝင္ပါတယ္။ အခုလို တရားခံမ်ားအား ကြပ္မ်က္ျခင္းကို ကမာၻ႔ႏိုင္ငံအေတာ္မ်ားမ်ားက ႀကီးစြာေသာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈလို႔ သတ္မွတ္ၿပီး ေသဒဏ္႐ုတ္သိမ္းခဲ့ၾကပါတယ္။ ဝီကီပီးဒီးယားေဖာ္ျပခ်က္အရ ကမာၻမွာ ေသဒဏ္ေပးၿပီးကြပ္မ်က္တဲ့ စနစ္က်င့္သုံးေနတဲ့ ႏိုင္ငံေပါင္း  ၅၈ ႏိုင္ငံသာ က်န္ရွိပါတယ္။ ထိုင္းႏိုင္ငံမွာလည္း ေသဒဏ္ေပးၿပီး ကြပ္မ်က္တဲ့စနစ္႐ုပ္သိမ္းဖို႔ လူ႔အခြင့္အေရးဆိုင္ရာ အဖြဲ႕ေတြက တစိုက္မတ္မတ္ ေတာင္းဆိုလ်က္ရွိပါတယ္။ ကိုးကား -  ဝီကီပီးဒီးယား ၊ ilaw.or.th / AMARIN TVHD သတင္း/ ထိုင္းႏိုင္ငံအက်ဥ္းဦးစီးဌာနဝက္ဘ္ဆိုက္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024