Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲကို ရက်လျော့ကျင်းပမည်
DVB
·
September 5, 2019
နှစ်စဉ်ကျင်းပနေတဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတော်ကို နိုဝင်ဘာ ၄ ရက်နေ့က စပြီး ၉ ရက်ထိ ၈ ညကျင်းပသွားမယ်လို့ စက်တင်ဘာ ၃ ရက်နေ့ ပြုလုပ်တဲ့ ပွဲကော်မတီအစည်းအဝေးမှာ သိရပါတယ်။ အရင်နှစ်တွေက ပွဲတော်ရက်ကို ဖွင့်ရက်ပိတ်ရက်အပါအဝင် ၁၀ ရက် ၉ ည သတ်မှတ်ခဲ့ပေမယ့် ယခုနှစ်မှာ ရှမ်းမြောက်တိုက်ပွဲဖြစ်ပွားနေလို့ လုံခြုံရေးအရ ပွဲတော်ရက်ကို ၉ ရက် ၈ ည သတ်မှတ်လိုက်ပါတယ်။ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင်က “ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တန်ဆောင်တိုင် ပွဲတော်ကျင်းပစဉ် မိုင်းထောင်ခြင်းတွေဖြစ်ပျက်ခဲ့တဲ့အတွက် ဒီနှစ်မှာ လုံခြုံရေး ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သွားမယ်”လို့ ပြောပါတယ်။ မီးပုံးပျံပညာရှင်အသင်း ဒေါက်တာသန်းဝင်းက ရာသီဥတုအခြေအနေနဲ့ မီးပုံးပျံ အရည်အတွက်များတဲ့အတွက် ပွဲတော်ရက်ကို ၁၀ ရက် ၉ ညကျင်းပဖို့ ကော်မတီမှာ တင်ပြခဲ့ပေမယ့် လုံခြုံရေးကြောင့် ကော်မတီ အစည်းအဝေးမှာကန့်ကွက်ခံခဲ့ရပါတယ်။ ပွဲတော်ရက်ကို နိုဝင်ဘာလ ၄ ရက်နေ့မှ ၁၂ ရက်နေ့ အထိကျင်း ပသွားဖို့ အစည်းအဝေး မှာ သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲနဲ့ပတ်သက်ပြီး ပဏာမ အစည်းအဝေးမှာ အရင်နှစ်က အားနည်းချက်တွေကို သုံးသပ်ဆွေးနွေးပြီး ကော်မတီ အသီးသီးက လုပ်ငန်းတွေ စတင်နိုင်ဖို့ ပြုလုပ်ခဲ့ကြပါတယ်။ သတင်း- ခွန်ရာဇာ
တိုက္ပြဲမ်ားေၾကာင့္ ေတာင္ႀကီးတန္ေဆာင္တိုင္မီးပုံးပ်ံပြဲကို ရက္ေလ်ာ့က်င္းပမည္ ဒီဗြီဘီ ႏွစ္စဥ္က်င္းပေနတဲ့ ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပုံးပ်ံ ၿပိဳင္ပြဲေတာ္ကို ႏိုဝင္ဘာ ၄ ရက္ေန႔က စၿပီး ၉ ရက္ထိ ၈ ညက်င္းပသြားမယ္လို႔ စက္တင္ဘာ ၃ ရက္ေန႔ ျပဳလုပ္တဲ့ ပြဲေကာ္မတီအစည္းအေဝးမွာ သိရပါတယ္။ အရင္ႏွစ္ေတြက ပြဲေတာ္ရက္ကို ဖြင့္ရက္ပိတ္ရက္အပါအဝင္ ၁၀ ရက္ ၉ ည သတ္မွတ္ခဲ့ေပမယ့္ ယခုႏွစ္မွာ ရွမ္းေျမာက္တိုက္ပြဲျဖစ္ပြားေနလို႔ လုံၿခဳံေရးအရ ပြဲေတာ္ရက္ကို ၉ ရက္ ၈ ည သတ္မွတ္လိုက္ပါတယ္။ ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕ ရဲမႉးခ်ဳပ္ ေဇာ္ခင္ေအာင္က “ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က တန္ေဆာင္တိုင္ ပြဲေတာ္က်င္းပစဥ္ မိုင္းေထာင္ျခင္းေတြျဖစ္ပ်က္ခဲ့တဲ့အတြက္ ဒီႏွစ္မွာ လုံၿခဳံေရး ပိုမိုတင္းက်ပ္စြာ ေဆာင္႐ြက္သြားမယ္”လို႔ ေျပာပါတယ္။ မီးပုံးပ်ံပညာရွင္အသင္း ေဒါက္တာသန္းဝင္းက ရာသီဥတုအေျခအေနနဲ႔ မီးပုံးပ်ံ အရည္အတြက္မ်ားတဲ့အတြက္ ပြဲေတာ္ရက္ကို ၁၀ ရက္ ၉ ညက်င္းပဖို႔ ေကာ္မတီမွာ တင္ျပခဲ့ေပမယ့္ လုံၿခဳံေရးေၾကာင့္ ေကာ္မတီ အစည္းအေဝးမွာကန႔္ကြက္ခံခဲ့ရပါတယ္။ ပြဲေတာ္ရက္ကို ႏိုဝင္ဘာလ ၄ ရက္ေန႔မွ ၁၂ ရက္ေန႔ အထိက်င္း ပသြားဖို႔ အစည္းအေဝး မွာ သေဘာတူ ဆုံးျဖတ္လိုက္ပါတယ္။ ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပုံးပ်ံၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး ပဏာမ အစည္းအေဝးမွာ အရင္ႏွစ္က အားနည္းခ်က္ေတြကို သုံးသပ္ေဆြးေႏြးၿပီး ေကာ္မတီ အသီးသီးက လုပ္ငန္းေတြ စတင္ႏိုင္ဖို႔ ျပဳလုပ္ခဲ့ၾကပါတယ္။ သတင္း- ခြန္ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024