Home
အနုပညာ
ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း ၁၇ နှစ်ပြည့်အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်
ပြည့်ဘုန်းအောင်
·
September 3, 2019
ခေတ်ပေါ်မြန်မာကဗျာလောကမှာ လူသိများထင်ရှားကျော်ကြားခဲ့တဲ့ ကဗျာဆရာ မောင်ချောနွယ်ကွယ်လွန်ခြင်း ၁၇ နှစ်ပြည့်အခမ်းအနားကို စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့ book plaza မှာ ပြုလုပ်ပါတယ်။ ကွယ်လွန်ခြင်း ၁၇နှစ်ပြည့် ပွဲကိုတော့ “ လွမ်းမပြေ မောင်ချောနွယ်” လို့အမည်ပေးထားပြီး ဒီပွဲကိုတော့ သူ မိသားစုဝင်တွေ၊ကဗျာဆရာစာပေ အသိုင်းအဝိုင်းကလူတွေ တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာမောင်ချောနွယ်ရေးသား အောင်မြင်ခဲ့တဲ့ ကဗျာတစ်ချို့ကိုလည်း ပွဲလာသူတွေက ရွတ်ဆိုခဲ့ပါတယ်။  ကဗျာဆရာမောင်ချောနွယ်ကို ပဲခူးတိုင်း ပြည်မြို့မှာ မွေးဖွားခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ ကွယ်လွန်ခဲ့တာပါ။  မကွယ်လွန်ခင်အချိန်ထိ သူရေးသား ထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်တွေဟာ အလွန်ထင်ရှား ခဲ့ပြီး မြန်မာ့ ခေတ်ပေါ်ကဗျာလောကမှာတော့ ထင်ရှားတဲ့ ကဗျာဆရာတစ်ဦးပါ။
Live
About DVB
The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2024