Home
မြန်မာသတင်း
ဘားအံ-မြဝတီ ကားလမ်းမကြီးတလျှောက် ယာဉ်အစီးရေ ၁၅၀၀ ခန့် ပိတ်ဆို့မှုဖြစ်
DVB
·
August 25, 2019
ကရင်ပြည်နယ်အတွင်း သြဂုတ်လဆန်းပိုင်းက မိုးသည်းသည်းထန်ထန်ရွာပြီး ဂျိုင်းမြစ်ရေ မြင့်တက်ခဲ့တာကြောင့် ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်း ဂျိုင်းမြစ်ကူးတံတားမှာ ယာဉ်အစီးရေ ၁၅၀၀ လောက် ပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဂျိုင်းမြစ်ရေ မြင့်တက်လို့ ကားတွေ ရပ်စောင့်ရပြီး လမ်းပိတ်ဆို့ခဲ့တာကြောင့် ပြည်နယ်အစိုးရက တန် ၆၀ ခံနိုင်ဝန်ရှိတဲ့ ပွန်တွန်းတံတားအသစ် တစင်းကို တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်မှာလည်း ဂျိုင်းမြစ်ရေတက်လို့ ပွန်တွန်းတံတားပေါ်က မဖြတ်နိုင်ဘဲ သြဂုတ် ၉ ရက်ကနေ ၁၄ ရက်အထိ ပွန်တွန်းတံတားပေါ်ကနေ ဖြတ်သန်းမရတဲ့ ကားတွေဟာ ဂျိုင်းမြစ်ဟိုဘက်၊ ဒီဘက်မှာ အစီးရေ ၁၅၀၀ လောက်အထိ ပိတ်ဆို့နေခဲ့ပါတယ်။ ရန်ကုန်-မြဝတီ၊ မြဝတီ-ရန်ကုန် အတက် အဆင်း လုပ်မယ့် ၁၃ တန်အောက်ကားတွေကို ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် လမ်းအတိုင်း သွားလာစေဖို့ ညွှန်ကြားထားပြီး မြဝတီက မော်လမြိုင်-တနင်္သာရီကို သွားမယ့် ကားအလွတ်တွေနဲ့ ကားသေးတွေကို ကိုးတိုင်-လှိုင်ကွယ်ကတဆင့် ချောင်းနှစ်ခွ-မုဒုံလမ်းအတိုင်း သွားလာစေဖို့ စီစဉ်ပေးခဲ့တယ်လို့ ပြည်နယ်အစိုးရက ဆိုပါတယ်။ မနေ့ကတော့ ဘားအံ-မြဝတီလမ်းပိုင်းက ဂျိုင်းမြစ်ကူးတံတား ချဉ်းကပ်လမ်း ပိတ်ဆို့နေတာကို ဖြေရှင်းဖို့ ပြည်နယ်အစိုးရက အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီအစည်းအဝေးကနေ ရန်ကုန်-ဘားအံက ကော့ကရိတ်-မြဝတီကို တက်မယ့် ကုန်တင်ယာဉ်တွေကို အတက်လမ်းအဖြစ် သထုံ-သံလွင်တံတား(မော်လမြိုင်)၊ ဇာသပြင်-အိန္ဒု-သာမည-ကျားကလေး-ကျုံဒိုး-ကော့ကရိတ်-မြဝတီ၊ မြဝတီ-ကော့ကရိတ်ကနေ ဘားအံ-ရန်ကုန်ကို ဆင်းမယ့် ကားတွေကို အဆင်းလမ်းအဖြစ် မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ကျားကလေး-ဇာသပြင်-ဘားအံ-ရန်ကုန်လမ်းကို သုံးပြီး ယာဉ်ကြော ရှင်းတဲ့အထိ တလမ်းစီသွားလာစေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့ ဂျိုင်းတံတားထိပ်မှာ ပိတ်ဆို့နေတဲ့ ကားတွေကို ဒီနေ့မနက် ၆ နာရီကနေ နေ့လယ် ၁၂ နာရီအထိ အတက်ကားတွေ၊ ၁၂ နာရီကနေ ညနေ ၆ နာရီအထိ အဆင်းကားတွေကို ဦးစားပေးပြီး ပွန်တွန်းတံတားကနေ ဖြတ်သန်းစေမှာ ဖြစ်ပါတယ်။ အိန္ဒု-သာယာကုန်း-ဂျိုင်း လမ်းပေါ်မှာ ကုန်တင်ကားကြီးတွေပဲ သွားရမှာဖြစ်ပြီး ကားလေးတွေကတော့ ထီလုံ-တာပေါင်-နဘူး-ပတ-တံတားကြိုး-ကော့ကရိတ်လမ်းအတိုင်း မြဝတီဘက်ကို သွားစေမှာဖြစ်ပြီး  အဆင်းကားတွေကိုတော့ ကျားကလေး-ဇာသပြင်လမ်းအတိုင်း သထုံ-မော်လမြိုင်ဘက်ကို သွားစေမှာ ဖြစ်ပါတယ်။ လမ်းကြောရှင်းလင်းရေးအတွက် ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရပ်ကျေးအဖွဲ့တွေ၊ လမ်းဦးစီးဌာနနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့လည်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဘားအံ-ျမဝတီ ကားလမ္းမႀကီးတေလွ်ာက္ ယာဥ္အစီးေရ ၁၅၀၀ ခန႔္ ပိတ္ဆို႔မႈျဖစ္ ကရင္ျပည္နယ္အတြင္း ၾသဂုတ္လဆန္းပိုင္းက မိုးသည္းသည္းထန္ထန္႐ြာၿပီး ဂ်ိဳင္းျမစ္ေရ ျမင့္တက္ခဲ့တာေၾကာင့္ ဘားအံ-ေကာ့ကရိတ္-ျမဝတီလမ္းပိုင္း ဂ်ိဳင္းျမစ္ကူးတံတားမွာ ယာဥ္အစီးေရ ၁၅၀၀ ေလာက္ ပိတ္ဆို႔ခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က ဂ်ိဳင္းျမစ္ေရ ျမင့္တက္လို႔ ကားေတြ ရပ္ေစာင့္ရၿပီး လမ္းပိတ္ဆို႔ခဲ့တာေၾကာင့္ ျပည္နယ္အစိုးရက တန္ ၆၀ ခံႏိုင္ဝန္ရွိတဲ့ ပြန္တြန္းတံတားအသစ္ တစင္းကို တည္ေဆာက္ခဲ့ပါတယ္။ ဒါေပမဲ့ အခုႏွစ္မွာလည္း ဂ်ိဳင္းျမစ္ေရတက္လို႔ ပြန္တြန္းတံတားေပၚက မျဖတ္ႏိုင္ဘဲ ၾသဂုတ္ ၉ ရက္ကေန ၁၄ ရက္အထိ ပြန္တြန္းတံတားေပၚကေန ျဖတ္သန္းမရတဲ့ ကားေတြဟာ ဂ်ိဳင္းျမစ္ဟိုဘက္၊ ဒီဘက္မွာ အစီးေရ ၁၅၀၀ ေလာက္အထိ ပိတ္ဆို႔ေနခဲ့ပါတယ္။ ရန္ကုန္-ျမဝတီ၊ ျမဝတီ-ရန္ကုန္ အတက္ အဆင္း လုပ္မယ့္ ၁၃ တန္ေအာက္ကားေတြကို ထီလုံ-တာေပါင္-ပတ-နဘူး-ေကာ့ကရိတ္ လမ္းအတိုင္း သြားလာေစဖို႔ ၫႊန္ၾကားထားၿပီး ျမဝတီက ေမာ္လၿမိဳင္-တနသၤာရီကို သြားမယ့္ ကားအလြတ္ေတြနဲ႔ ကားေသးေတြကို ကိုးတိုင္-လႈိင္ကြယ္ကတဆင့္ ေခ်ာင္းႏွစ္ခြ-မုဒုံလမ္းအတိုင္း သြားလာေစဖို႔ စီစဥ္ေပးခဲ့တယ္လို႔ ျပည္နယ္အစိုးရက ဆိုပါတယ္။ မေန႔ကေတာ့ ဘားအံ-ျမဝတီလမ္းပိုင္းက ဂ်ိဳင္းျမစ္ကူးတံတား ခ်ဥ္းကပ္လမ္း ပိတ္ဆို႔ေနတာကို ေျဖရွင္းဖို႔ ျပည္နယ္အစိုးရက အစည္းအေဝးျပဳလုပ္ခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဒီအစည္းအေဝးကေန ရန္ကုန္-ဘားအံက ေကာ့ကရိတ္-ျမဝတီကို တက္မယ့္ ကုန္တင္ယာဥ္ေတြကို အတက္လမ္းအျဖစ္ သထုံ-သံလြင္တံတား(ေမာ္လၿမိဳင္)၊ ဇာသျပင္-အိႏၵဳ-သာမည-က်ားကေလး-က်ဳံဒိုး-ေကာ့ကရိတ္-ျမဝတီ၊ ျမဝတီ-ေကာ့ကရိတ္ကေန ဘားအံ-ရန္ကုန္ကို ဆင္းမယ့္ ကားေတြကို အဆင္းလမ္းအျဖစ္ ျမဝတီ-ေကာ့ကရိတ္-က်ဳံဒိုး-က်ားကေလး-ဇာသျပင္-ဘားအံ-ရန္ကုန္လမ္းကို သုံးၿပီး ယာဥ္ေၾကာ ရွင္းတဲ့အထိ တလမ္းစီသြားလာေစမယ္လို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ၿပီးေတာ့ ဂ်ိဳင္းတံတားထိပ္မွာ ပိတ္ဆို႔ေနတဲ့ ကားေတြကို ဒီေန႔မနက္ ၆ နာရီကေန ေန႔လယ္ ၁၂ နာရီအထိ အတက္ကားေတြ၊ ၁၂ နာရီကေန ညေန ၆ နာရီအထိ အဆင္းကားေတြကို ဦးစားေပးၿပီး ပြန္တြန္းတံတားကေန ျဖတ္သန္းေစမွာ ျဖစ္ပါတယ္။ အိႏၵဳ-သာယာကုန္း-ဂ်ိဳင္း လမ္းေပၚမွာ ကုန္တင္ကားႀကီးေတြပဲ သြားရမွာျဖစ္ၿပီး ကားေလးေတြကေတာ့ ထီလုံ-တာေပါင္-နဘူး-ပတ-တံတားႀကိဳး-ေကာ့ကရိတ္လမ္းအတိုင္း ျမဝတီဘက္ကို သြားေစမွာျဖစ္ၿပီး  အဆင္းကားေတြကိုေတာ့ က်ားကေလး-ဇာသျပင္လမ္းအတိုင္း သထုံ-ေမာ္လၿမိဳင္ဘက္ကို သြားေစမွာ ျဖစ္ပါတယ္။ လမ္းေၾကာရွင္းလင္းေရးအတြက္ ရဲတပ္ဖြဲ႕အင္အား ၂၀၀ ေက်ာ္၊ မီးသတ္တပ္ဖြဲ႕၊ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ရပ္ေက်းအဖြဲ႕ေတြ၊ လမ္းဦးစီးဌာနနဲ႔ ဌာနဆိုင္ရာတာဝန္ရွိသူေတြ ပူးေပါင္း လုပ္ေဆာင္သြားမယ္လို႔လည္း ျပည္နယ္အစိုးရက ထုတ္ျပန္ထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024